ရုပ်ရှင်မင်းသမီး Michelle Yeoh ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ ဒီဇင်ဘာ ၆ ရက် မနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2010.12.07
michelle_yeoh_movie_actress_305_z.png ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို။ (Photo: AFP)
Photo: AFP
ပြင်သစ် ဒါရိုက်တာတဦး ရိုက်ကူးတဲ့ ရုပ်ရှင်ကားမှာ သူ သရုပ်ဆောင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတ်ကောင်နေရာအတွက် မြန်မာနိုင်ငံကို လာရောက်ပြီး လေ့လာတယ်လို့လည်း သိရပါတယ်။

Ms. Yeoh ဟာ ဒေါ်အောင်ဆန်းစုကြည် ဇာတ်ကောင်အဖြစ် နမူနာသရုပ်ဆောင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြခဲ့တယ်လို့ NLD ပြောခွင့်ရ ပုဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“မနေ့က နေ့ခင်း အန်တီ့အိမ်မှာ ရောက်နေပါတယ်။ ညနေ ၆ နာရီ၊ ၇ နာရီမှ ပြန်ပါတယ်။ တနေ့လုံးလိုလို ရှိပါတယ်။ ဒေါ်စုနဲ့တော့ သူ ပြောတာ သီးခြားဖြစ်ပါတယ်။ သူ ကိုင်လာတဲ့ ကင်မရာထဲမှာ ရုပ်သေပုံတွေပေါ့၊ ရုပ်ရှင် သူရိုက်တာမှာ ဒေါ်စု အဝတ်အစားမျိုးနဲ့ ဘာနဲ့ အရမ်းတူတာပဲ။”

မင်းသမီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနေ့လုံး နီးပါး တွေ့ဆုံခဲ့ကြပြီး ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်က ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

မင်းသမီး မစ်ရှဲ ယိုဟာ ဒီကနေ့မနက်မှာ ဗန်ကောက်မြို့ကို ပြန်လည် ထွက်ခွာသွားပြီလို့ သိရပါတယ်။

မင်းသမီး မစ်ရှဲလ် ယိုဟာ ကမ္ဘာကျော် ရုပ်ရှင်ကားတွေဖြစ်တဲ့ Tomorrow Never Dies, Hidden Dragon, Crouching Tigers မှာ နာမည်ကျော် မင်းသားတွေနဲ့အတူ စွန့်စားခန်းတွေကို ကိုယ်တိုင် သရုပ်ဆောင်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်၊။ ဒီအကြောင်း ဦးဉာဏ်ဝင်းကို RFA က မခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။