သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-30
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြို့မရဲစခန်းမှာ ဇူလိုင်လ ၂၉ ရက် မနေ့ည ၁၀ နာရီခန့်က နယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းကျော်ဌေးကို ရဲတပ်သားစိုးလင်းအောင်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-30
နိုင်ငံတကာကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဘယ်လိုထိထိရောက်ရောက် ထောက်ခံမလဲဆိုတာ မဆုံးဖြတ်နိုင်သရွေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ အပြောင်းအလဲဖြစ်လာဖို့ မလွယ်ဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်ပါတယ်။
2022-07-29
ပြီးခဲ့တဲ့ မေလက လူအစုအပြုံလိုက်သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ မုန်တိုင်ပင်ရွာအပါအဝင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေအပေါ် ဖိနှိပ်ချေမှုန်းမှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်နေပေမယ့် ဒေသခံ PDF တပ်ဖွဲ့တွေအနေနဲ့ လက်နက်အင်အား အထူးနည်းပါးနေတယ်လို့ သိရပါတယ်။
2022-07-29
ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်သတ်ဖြတ်လိုက်တဲ့အတွက် တိုင်းပြည်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
2022-07-29
စစ်ကိုင်းတိုင်း ကလေးမြို့၊ ချမ်းမြေ့အောင်စည်နယ်မြေ (၁၂) ပင်လုံရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုချစ်မင်းခန့်နဲ့ မိခင်ဖြစ်သူတို့ ဇူလိုင်လ ၂၈ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးခံရပြီးနောက် သူနဲ့ဆက်စပ်တဲ့ မြို့ခံ လူငယ် ၄၀ ကျော် ထပ်မံ ဖမ်းဆီးခံထားရပါတယ်။
2022-07-29
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအပေါ် သေဒဏ်စီရင်မှုကို ကန့်ကွက်ပြီး လက်တွေ့ သေဒဏ်စီရင်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ မိသားစုတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ ရမည်းသင်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
2022-07-29
ရုရှားနဲ့ တရုတ်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် စစ်တပ်ရဲ့ သေဒဏ်စီရင်မှုကို တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
2022-07-29
ပူအိုက်စွတ်စိုတဲ့ ရာသီဥတုသာ အဓိကလွှမ်းမိုးလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအိုဒေသဟာ သဘာဝရေခဲတောင်တွေ၊ ကျောက်ဆောင်ကျောက်သားပေါ် ဖြတ်သန်းစီးဆင်းတဲ့ မြစ်ချောင်းတွေနဲ့ အေးခဲပြီး သီးသန့်ဆန်တဲ့ ထူးခြားတဲ့ ဒေသလေးတစ်ခု ဖြစ်ပါတယ်။
2022-07-29
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မကြာသေးခင်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က တပ်သား၊ လက်နက်၊ ရိက္ခာအလုံးအရင်းနဲ့ တိုးချနေတယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ပြောပါတယ်။
2022-07-29
ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ဦးကျော်မင်းယု (ခ) ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးတဲ့နောက် ဇူလိုင်လ ၂၆ ရက်ကစလို့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ စစ်ကားတွေ၊ အရပ်ဝတ် ဝတ်ထားတဲ့ လုံခြုံရေးအဖွဲ့တွေကို နေရာတိုင်းမှာတွေ့ရပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-29
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2022-07-29
ရန်ကုန်မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ထောက်ခံတာအပါအဝင် PDF တွေကိုရှုတ်ချတဲ့ လှုပ်ရှားမှုကို စစ်တပ်ထောက်ခံသူတွေက ဇူလိုင်လ ၂၉ ရက် ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-07-29
မဲခေါင်သတင်းဌာနအပါအဝင် တခြားသတင်းဌာနတွေမှာ အလွတ် သတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ ကိုမောင်မောင်မျိုးကို ဘားအံမြို့နယ် တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ဇူလိုင်လ ၂၉ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-07-29
မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးကို သြစတြေးလျနိုင်ငံ မြို့တော်၊ ကင်ဘာရာမှာ လာမယ့် သီတင်းပတ်အတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အကြီးတန်း သြစတြေးလျအရာရှိတွေ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဌာနတွေက အရာရှိတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။
2022-07-28
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မှတ်တမ်းထားရှိပြီး သုတေသနပြုဆောင်ရွက်လိုတဲ့အတွက် မိမိပတ်ဝန်းကျင်မှာဖြစ်စေ အင်တာနက်ပေါ်မှာဖြစ်စေ တွေ့ရှိရတဲ့ ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးပျက်စီးမှုဆိုင်ရာ သတင်းတွေကို ပေးပို့ကြဖို့ Save the Heritage ခေါ် အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။