“နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်ခြင်းရဲ့အကျိုးဆက်က ဘာဖြစ်မလဲ”
2022.07.29
ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်သတ်ဖြတ်လိုက်တဲ့အတွက် တိုင်းပြည်မှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုဂျင်မီနဲ့အတူ ၈ လေးလုံးအရေးတော်ပုံကတည်းက လက်တွဲခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ကိုရင်ထွေး၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်နဲ့ ကိုသွင်လင်းအောင်တို့ ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ပြထားပါတယ်။