NUG ရဲ့ ကိုယ်စားလှယ်ရုံး သြစတြေးလျနိုင်ငံတွင် ဖွင့်တော့မည်

2022.07.29
NUG ရဲ့ ကိုယ်စားလှယ်ရုံး သြစတြေးလျနိုင်ငံတွင် ဖွင့်တော့မည် သြစတြေးလျနိုင်ငံ မြို့တော်၊ ကင်ဘာရာတွင် ဖွင့်လှစ်မည့် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးခန်းအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Tun Aung Shwe

မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးကို သြစတြေးလျနိုင်ငံ မြို့တော်၊ ကင်ဘာရာမှာ လာမယ့် သီတင်းပတ်အတွင်း ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အကြီးတန်း သြစတြေးလျအရာရှိတွေ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဌာနတွေက အရာရှိတွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

NUG အစိုးရရဲ့ သြစတြေးလျဆိုင်ရာ မြန်မာသံရုံး ကိုယ်စားလှယ်အဖြစ် ဒေါက်တာ ထွန်းအောင်ရွှေက ဆောင်ရွက်မှာဖြစ်ပြီး သြစတြေးလျရောက် မြန်မာ အသိုင်းအဝိုင်းက ကိုယ်စားလှယ်ရုံးအတွက် လစဉ်ငှားရမ်းခ အပါအဝင် ပရိဘောဂတွေ၊ ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့ကြပါတယ်။

ဒေါက်တာ ထွန်းအောင်ရွှေဟာ ကိုယ်စားလှယ်ရုံးအကြီးအကဲအဖြစ် အချိန်ပိုင်း လုပ်အား ပေးသူတွေနဲ့အတူ အချိန်ပြည့် ဆောင်ရွက်မှာဖြစ်ပါတယ်။ NUG ကို လေလှိုင်းထဲက အဖွဲ့ အစည်းတစ်ရပ်အဖြစ် ရှုမြင်ပြောဆိုခဲ့ကြပေမယ့် အခုတော့ သြစတြေးလျမှာ အကောင် အထည်နဲ့ တွေ့မြင်ရပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနတွေက အရာရှိ တွေ တက်ရောက်ကြဖို့ရှိပေမယ့် နိုင်ငံခြားရေးဝန်ကြီး Penny Wong ကတော့ ခရီးသွား စရာ ကိစ္စရှိတဲ့အတွက် မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ NUG အစိုးရ ကိုယ်စားလှယ်ရုံးသစ်ဟာ စစ်ကောင်စီ သံရုံးနဲ့ တစ်မိုင် သာသာအကွာမှာရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။