ပျက်စီးဆုံးရှုံးရတဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းပေးပို့ဖို့ Save the Heritage အဖွဲ့ မေတ္တာရပ်ခံ

2022.07.28
ပျက်စီးဆုံးရှုံးရတဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းပေးပို့ဖို့ Save the Heritage အဖွဲ့ မေတ္တာရပ်ခံ ချင်းပြည်နယ် ထန်တလန်မြို့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ထန်တလန် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို တွေ့ရစဉ်
Photo: Thantlang Baptist Church

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို မှတ်တမ်းထားရှိပြီး သုတေသနပြုဆောင်ရွက်လိုတဲ့အတွက် မိမိပတ်ဝန်းကျင်မှာဖြစ်စေ အင်တာနက်ပေါ်မှာဖြစ်စေ တွေ့ရှိရတဲ့ ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးပျက်စီးမှုဆိုင်ရာ သတင်းတွေကို ပေးပို့ကြဖို့ Save the Heritage ခေါ် အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

Save the Heritage အဖွဲ့ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ယဉ်ကျေးမှုအမွေအနှစ် များ မပျက်စီး မပျောက်ဆုံးစေရေးကို တတ်စွမ်းသမျှ ဆောင်ရွက်နေတဲ့ ရှေးဟောင်းသုတေ သနနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေ စုဖွဲ့ထားတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော အရပ်ဘက် အဖွဲ့အစည်းဖြစ်ပါတယ်။

စုဆောင်းရရှိတဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းကိုလည်း ပြည်သူတွေထံကို ပြန်လည်အစီရင်ခံသွား မယ်လို့ Save the Heritage အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးပျက်စီးမှုဆိုင်ရာသတင်းတွေကို ပေးပို့တဲ့အခါ ၁- ဖျက်ဆီးခံ ရသည့် နေရာ/ အဆောက်အဦး၊ ၂- ရွာ / မြို့နယ်- (GPS point ဖြစ်နိုင်လျှင်)၊ ၃- နေ့ရက်၊ ၄- ကျူးလွန်သည့် အဖွဲ့အစည်း၊ ၅- ဖျက်ဆီးခံရမှု ဖြစ်စဉ်အကျဉ်း၊ ၆- ဓာတ်ပုံတွေကို Save the Heritage page ရဲ့ chat box ကိုဖြစ်စေ၊ Signal နံပါတ် +44 7729 742542 ကိုဖြစ်စေ၊ Telegram နံပါတ် +44 7729 742542 ကိုဖြစ်စေ ပေးပို့ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။