သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-27
မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း မှောင်ခိုရောင်းဝယ်မှုနဲ့ လက်နက်ကိုင် သူပုန်တပ်တွေ လှုပ်ရှားတာ ကို ထိန်းသိမ်းရေးကိစ္စရပ်တွေကို နှစ်ဖက်အရာရှိကြီးတွေ မနေ့က ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယသတင်း စာတွေက ရေးသားဖေါ်ပြကြပါတယ်။
2016-07-27
ထိုင်းနိုင်ငံက ကမ္ဘာ့သမိုင်း အမွေ အနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကို တင်ပြထားတဲ့ နေရာအဝန်းအဝိုင်း မှာ မြန်မာ့ပိုင်နက် ပါဝင်နေတာကြောင့်၊ မြန်မာနိုင်ငံကလည်း ကိုယ့်ပိုင်နက် ပါဝင်နေတဲ့အပိုင်းကို ကမ္ဘာ့သမိုင်းအမွေ အနှစ်နေရာအဖြစ် သီးခြားတင်ပြမယ်လို့ သိရပါတယ်။
2016-07-27
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က မန်စံကျေး ရွာမှာ RCSS/SSA တပ်ဖွဲ့တွေ မနေ့ မနက်ပိုင်းက ဝင်ရောက်လာပြီး တအာင်းအမျိုးသား အမျိုး သမီး စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-07-27
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ မနေ့က စတင်ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အစည်းအဝေးမှာ ပင်လုံသဘောတူညီချက်နဲ့ ပတ်သက်လို့ တိကျတဲ့ အဖြေသဘောထားတော့ မရသေးဘူးလို့ ကျင်းပရေးကော်မီတီဥက္ကဌ ကပြောကြားလိုက်ပါတယ်။
2016-07-26
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခစားကျေးရွာအုပ်စုမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ကျော်မှာ ခမရ- ၃၇၄ တပ်ရင်းက သီးစားချလုပ်ပိုင်ခွင့်ပေးထားတာကို ရပ်တန့်ပေးဖို့ မြို အမျိုးသား ဒီမိုကရေစီပါတီ က ရခိုင်ပြည်နယ် အစိုးရကို မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
2016-07-26
ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းကို ဧရာဝတီမြစ်ရေတိုက်စားမှုဒဏ် ကာကွယ်ရေးနဲ့ မြို့သာယာလှပရေး အတွက် ကျောက်စီမြေထိန်း နံရံတည်ဆောက်ပေး ဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-07-26
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နယ် ရေပူကျေးရွာက ဒေသခံတောင်သူ ၁၀၀ ကျော်ဟာ တပ်ပိုင်မြေမှာ ဝင်ရောက် လုပ်ကိုင်နေလို့ဆိုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တောင်ကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
2016-07-26
လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေရဲ့ ဖိတ်ကြားချက်တွေကို လွှတ်တော်ဥက္ကဌထံ တင်ပြရမယ်ဆိုတဲ့ ပန်ကြားချက်ဟာ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ အခွင့်အရေးဆုံးရှုံးစေဖို့ ဗဟိုဦးစီးစနစ်ဆန်ဖို့ ထုတ်ပြန်ခဲ့တာမဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-07-26
လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရန်ကုန် တိုင်းအစိုးရအဖွဲ့က ရန်ကုန်မြို့မှာရှိတဲ့ လူ ငယ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ခရီုနီ လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ သားသမီးတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောပါတယ်။
2016-07-26
သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ အတွက် ကမ္ဘောဇအနာဂါတ် အလင်းတန်းမြန်မာဖောင်ဒေး ရှင်းက ကချင်ပြည်နယ် အစိုးရကို ငွေကျပ်သိန်းတစ်ထောင် ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။
2016-07-26
နယ်စပ်အခြေစိုက် အရပ်ဘက်လူမှု အဖွဲ့အစည်း ၄၀ လောက်က သူတို့ကို မူလနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင်ခွင့်ပြုဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့် ပေးစာ ပေးပို့တင်ပြလိုက်ပါတယ်။
2016-07-26
ပဲခူးတိုင်း ပြည်မြို့ ဆံတော်ရပ်ကွက်မှာရှိတဲ့ Vivo ဖုန်းအရောင်းဆိုင်မှာ ဝန်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ်မယ့် အစီအစဉ်ကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ ဝန်ထမ်း ၃၀ နီးပါးနဲ့ အလုပ်ရှင် တို့ဟာ မနက်ဖြန် မြို့နယ်အုပ်ချုပ်ရေး ရုံးမှာ တွေ့ဆုံညှိနှိုင်း ကြမယ်လို့ ဆန္ဒပြဝန်ထမ်းတွေက ပြော ပါတယ်။
2016-07-26
ကျန်းမာရေးဝန်ကြီးဌာနက လာမယ့်နှစ်လ အတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့် အပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။
2016-07-26
မလေးရှားနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သား ၃ထောင်ကျော်ကို လာမယ့်သြဂုတ် လဆန်းက စပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ဆောင်မယ်လို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-07-26
ပဲခူးတိုင်း ပြည်မြို့မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ နဝင်းရပ်ကွက်က ဒေသခံတွေကို နေရာပြောင်းရွှေ့ချထားဖို့ စီစဉ်ပေမယ့် ငြင်းဆန်နေကြတဲ့အတွက် ရပ်ကွက်အတွင်းမှာ သန့်ရှင်းရေးလုပ်ငန်းတွေ ကျန်းမာရေးအသိပညာပေးတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။