နှစ်လအတွင်း ဆရာဝန် သစ် နှစ်ထောင်ခန့်မယ်


2016.07.26
dr-myinthtwe-620.jpg ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၂၆ ရက်နေ့က မေးမြန်းချက်များကို ဝန်ကြီး ဒေါက်တာမြင့်ထွေး ပြန်လည်ဖြေကြားနေစဉ်
Photo: Pyithu Hluttaw Facebook

ကျန်းမာရေးဝန်ကြီးဌာနက လာမယ့်နှစ်လအတွင်း ဆရာဝန်အသစ် နှစ်ထောင် ခန့်အပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က ဆေးရုံတွေ အဆင့်မြှင့်တင်ပေးဖို့ မေးမြန်းရာမှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

"လာမယ့် ၂ လအတွင်းမှာ ဆရာဝန်နှစ်ထောင်လောက် အသစ်ခန့်ဖို့ရှိပါတယ်၊ ဦးစားပေးအနေနဲ့ စီစဉ်ပေးမယ်ဆိုတာ ကျနော်တို့ပြောလိုပါတယ်၊ ကျနော်တို့အနေနဲ့ ကုတင်၂၅ ကနေ၊ ၅၀ ကို တိုးလိုက်ခြင်းအားဖြင့် ဆေးရုံဝန်ထမ်းကလည်း ၅၅ ကနေ ၁၅၆ ထိတက်လာမှာပါ၊ ဘာကြောင့် ၁၀၀ ကိုချက်ချင်းမတိုးလည်းဆိုတော့ သူတို့ရဲ့တစ်နေ့တစ်နေ့ ကုတင်မှာလူနာ ၅၂ ရာခိုင်နှုန်းပဲရှိတဲ့အတွက် ချက်ချင်းကျနော်တို့က ၁၀၀ မပေးသေးတာပါ"

ဒီနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေကို အဆင့်မြှင်တင်ပေးသွားမှာဖြစ်ကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် ဝန်ထမ်း အင်အားအပြည်အစုံရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးနဲ့ ကပ်ရောဂါဗေဒ ပညာရှင်တွေနဲ့လည်း တစ်နိုင်ငံလုံးက ဆေးရုံလိုအပ်ချက်တွေ အတွက် လေ့လာဆန်းစစ်နေကြောင်းလည်း ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။