တအာင်း ၁၀၀ ကျော် RCSS/SSA ဖမ်းသွားတယ်လို့ PSLF/TNLA ပြော


2016.07.27
rcss-ssa-620.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် နမ္မတူမြို့နယ် က မန်စံကျေးရွာမှာ RCSS/SSA တပ်ဖွဲ့တွေ  မနေ့မနက်ပိုင်းက ဝင်ရောက်လာပြီး တအာင်း အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်ပိုင်းမှာ ဖမ်းသွားသူတွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွှွတ်ပေးပြီး အရွယ်ရောက်ပြီး အမျိုးသား ၃၀ ကျော်ကိုတော့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲရှိတယ်လို့ ဆိုပါတယ််။

မနေ့က မန်စံကျေးရွာဈေးနေ့ဖြစ်တဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ဈေးဝယ်သွားခဲ့ကြပြီး ဈေးကွဲချိန် အိမ်ပြန်လမ်းခရီးမှာ RCSS/SSA တပ်ဖွဲ့က အင်အား ၂၀၀ ကျော်ဖြင့် တအာင်းလူမျိုးမှန်သမျှကို ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ၊ အဲ့သလို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးရှာတယ်လို့ အကြောင်းပြေပမယ့် ကျန်လူမျိုးတွေကို လုံးဝစစ်ဆေးမှုမပြုဘဲ တအာင်းလူမျိုးသာ ရွေးပြီးစစ်ဆေးခဲ့တယ်လို့ PSLF/TNLA  သတင်း က ဖေါ်ပြပါတယ်။

အ့ဲဒီလို ဖမ်းဆီးစစ်ဆေးတဲ့ေနရာသည် မန်စံကျေးရွာအနီး အခြေချတဲ့ မြန်မာ့တပ်မတော်စခန်းနဲ့ တစ်မိုင်ခရီးမျှသာ ကွာဝေးတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။