နယ်စပ်အခြေစိုက် CSO များ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လို


2016.07.26
dassk-state-counselor-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office-Facebook

နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၀ လောက်က သူတို့ကို မူလနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ပြု ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့် ပေးစာ ပေးပို့တင်ပြလိုက်ပါတယ်။

ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေစိုက်ထားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ၄၀ တို့က စုပေါင်း ပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ မနေ့က ရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေး ရှင်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆုမွန်က ပြောပါတယ်။

"ဒီအစိုးရအပြောင်းအလဲပေါ့နော်၊ ဒီမိုကရေစီကူးပြောင်းခါစလည်းဖြစ်တယ်၊ နောက်တစ်ချိန်တည်းမှာပဲ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးနဲ့ တိုင်းရင်းသားများ အခွင့်အရေးကိစ္စလည်းရှိတယ်၊ ၁၉၈၈ တည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားရေး၊ အမျိုးသမီးရေး စတဲ့ ရေးရာကိစ္စများ ၊ ဆောင်ရွက်နေကြတဲ့ နယ်စပ်မှာအခြေပြုထားတဲ့ အဖွဲ့အစည်းတွေ၊ CSO တွေအနေနဲ့ ဘာတွေ ပူးပေါင်းဆောင်ရွက်ကြ မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ"

အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်း အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချပြီး အခု လို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ လူ့အခွင့်အရေး အဖွဲ့တွေဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ် အိန္ဒိယ မြန်မာနယ်စပ်တွေမှာ အခြေပြုပြီး ဖက်ဒရယ်အရေး လူ့အခွင့်အရေးတွေကို ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အထဲမှာ ပါဝင်တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆုမွန် ကို RFA သတင်း ထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။