သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-23
“ထောင်ဝင်စာပို့ကြမယ်” ဆိုတဲ့အဖွဲ့က အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး နဲ့ ပခုက္ကူထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၅ဝဝ လောက်အတွက် အစားအစာ ပုံမှန်ပို့ပေးနေပါတယ်။
2022-03-23
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက နေရာအတော်များများမှာ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုတွေ ပိုများလာနေပါတယ်။
2022-03-23
စစ်ကိုင်းတိုင်းထဲမှာ ၄၃၈ လုံးနဲ့ ကယားပြည်နယ်မှာ ၄၂ လုံး ဒီတစ်ပတ်ထဲမှာ မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2022-03-23
ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး Sinopharm ရဲ့ ကိုဗစ်ဆေးထုတ် စက်ရုံဖြစ်ပြီးတော့၊ ဒီကိုဗစ်ကာကွယ်ဆေးကို Myancopharm လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။
2022-03-23
HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးထားတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းက NAC ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရတဲ့ ကလေး ၉၄ ယောက်နဲ့ လူကြီး ၆၆ ယောက် စုစုပေါင်း အယောက် ၁၆၀ ရှိပါတယ်။
2022-03-23
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို မတ်လ ၂၃ ရက် ဒီနေ့ ထောင်တွင်းတရားရုံးကနေ အမှုနှစ်ခုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် နှစ်နှစ် အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
2022-03-23
မြန်မာ-တရုတ် နယ်စပ် မူဆယ် - ဝမ်တိန် ဂိတ်ကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ဆန် အပါအဝင် ပို့ကုန် ခုနစ်မျိုးကို တင်ပို့မှု ယာယီကန့်သတ် ထားပါတယ်။
2022-03-23
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ မတ်လအစောပိုင်းကစလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာ ရွာပေါင်း ၂၁ ရွာက ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-23
ပြည်သူတွေ စိတ်ချယုံကြည်မှုအရှိဆုံး တယ်လီနော(မြန်မာ) ဆက်သွယ်ရေးလုပ်ငန်းကို စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group တို့က မကြာခင် လွှဲပြောင်းယူတော့မှာမို့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအတွက် စိုးရိမ်မိတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
2022-03-23
မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းက ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ ငြင်းပယ်ခဲ့ပါတယ်။
2022-03-23
ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းတယ်လို့လည်း ARSA အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-03-23
စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ မတ်လ ၂၃ ရက် ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-(က) နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံလိုက်ရပါတယ်။
2022-03-23
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်း (ပလောင်) ပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန် နဲ့ မိသားစုဝင်တို့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲတာကို ငြင်းဆိုလိုက်ပါတယ်။
2022-03-23
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲ တိုက်ပွဲတွေကြောင့် နှစ်လနီးပါး တိမ်းရှောင်နေကြတဲ့ ဆွမ်ပီယာန်နဲ့ အင်စီယာန်ရွာတွေက ဒေသခံတွေ မတ်လ ၂၂ ရက်ကစပြီး နေရပ်ပြန်ကြပါပြီ။
2022-03-23
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် ပတ္တလားပညာရှင် ဦးကျော်မြင့်ဟာ သူ တစ်သက်လုံး တန်ဖိုးထားလာတဲ့ ပတ္တလားတူရိယာတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာနေတာကို စိတ်မကောင်း ဖြစ်နေပါတယ်။