သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-09
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြည်ပနိုင်ငံတွေက စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၈ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထားကို ပြည်တွင်းမှာ လျှို့ဝှက် လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ထောက်ခံလိုက်ပါတယ်။
2011-02-09
စစ်အစိုးရလွှတ်တော်သစ်က ခန့်အပ်မဲ့ အစိုးရအဖွဲ့သစ်အတွက် သမတအပါအဝင် လွှတ်တော်အမတ်တွေအထိ ခေါင်းဆောင်တွေရဲ့ လစာတွေဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူး အများဆုံးရမဲ့ လစာပမာဏတွေ ဖြစ်တယ်လို့ သိရပါတယ်။
2011-02-09
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော်မှာ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့် ကန့်သတ်ထားပြီး တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားတာနဲ့ ပတ်သက်လို့ ဗြိတိသျှ အစိုးရက စိုးရိမ်ပူပန်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-02-09
နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့ ဝန်ကြီးဌာန အရေအတွက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီး အမည်စာရင်းတွေကို သမတ ဦးသိန်းစိန်က တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
2011-02-09
ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။
2011-02-09
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်များ ဆွေးနွေးပွဲ ဒုတိယပိုင်းအဖြစ် ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့ ပြုလုပ်ရာမှာ လူငယ် ချိတ်ဆက် လှုပ်ရှားကိစ္စ၊ ပြည်ထောင်စုကိစ္စ၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
2011-02-08
မြန်မာစစ်အစိုးရတပ်တွေဟာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ် နယ်မြေကို အလုံးအရင်းနဲ့ စစ်ဆင်နိုင်ဖို့အတွက် နယ်ခြားစောင့်တပ် ပြောင်းလဲထားတဲ့ DKBA ခွဲထွက် ကရင်တပ်တွေကို ရှေ့တန်းက ထိုးဖောက်ဖို့ ညွှန်ကြားထားပေမဲ့ နယ်ခြားစောင့် တပ်ရင်းတွေက အမိန့် မနာခံပဲ ရပ်တံ့နေကြတယ်လို့ သတင်းရရှိပါတယ်။
2011-02-08
စစ်အစိုးရဟာ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ ပြောနေပေမဲ့ တကယ့် လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံနေရပြီး ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ဖြစ်ရပ်တွေ အမြောက်အမြား ရှိနေတဲ့အတွက် အထူး စိုးရိမ်မိတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-02-08
ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ခေါ် ရှမ်းအမျိုးသားနေ့ ကို ရန်ကုန်မြို့ အပါအဝင် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေက အထိမ်းအမှတ် အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပါတယ်။
2011-02-08
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပတဲ့ စစ်အစိုးရရဲ့ လွှတ်တော်မှာ သမတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သူဖွဲ့မဲ့ အစိုးရသစ်အတွက် ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးတွေရဲ့ စာရင်း တင်သွင်းတယ်လို့ သတင်းရရှိပါတယ်။
2011-02-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်တွေ တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ စတင်ပြုလုပ်ရာမှာ လူငယ်ကွန်ရက်ကိစ္စ၊ လူမှု ကူညီထောက်ပံရေး ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စတွေ၊ ဒီမိုကရေစီ ထွန်းကားရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2011-02-08
စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားသင့်မသင့်၊ ပြင်ဆင်သင့် မသင့်ကိစ္စ ဆွေးနွေးနိုင်ဖို့ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ဖိတ်ခေါ် လိုက်ပါတယ်။
2011-02-08
တရားမဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်သမားတွေကို နိုင်ငံခြားကို ပို့ဆောင်နေတဲ့ အလုပ်သမားအေဂျင်စီ ၂၀ ကို မြန်မာအာဏာပိုင်တွေက ဒီတပတ်အတွင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
2011-02-08
စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အကျိုးဖြစ်ထွန်းတာမျိုး မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က ဖေဖော်ဝါရီ ၇ ရက် မနေ့က ပြောဆိုပါတယ်။
2011-02-08
စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေး အပေါင်းပါတွေ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာကို အနောက်နိုင်ငံတွေအနေနဲ့ ဆက်လက် ထားရှိဖို့ ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထား ကြေညာချက် အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရာရှိတဦးက RFA ကို အခုလို ပြောဆိုပါတယ်။