ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်
2011.02.09

ဦးမောင်မောင်စိုးက ဆက်လက်ပြောပြရာမှာ -
“ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဒီ award ကို စဉ်းစားတယ်။ စဉ်းစားတော့ အကြောင်းအချက် နှစ်ချက် ဖန်လာတယ်။ ၁ အချက်က ဖဒိုမန်းရှာက ကျွန်တော်တို့ ညီလာခံကြီးကို အစပြု ကမကထ ဦးဆောင်ခဲ့သလို သူကိုယ်တိုင်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးဟာလည်း အမျိုးသားရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ တစိုက်မတ်မတ် ရှိတယ်။ ယုံယုံကြည်ကြည် ရှိတယ်။ သမာသမတ် ရှိတယ်။ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဖဒို မန်းရှာရဲ့ အနစ်နာခံမှုတွေက တခုတည်းအတွက် မဟုတ်ဖူး။ တစုံလုံးအတွက် ဖြစ်နေတယ်။ အမျိုးသား တန်းတူရေး equality ကို သူက ဦးစားပေးတယ်။ နောက်တခုက တခုလုံးရဲ့ လွတ်မြောက်ရေးကို တိုက်ပွဲဝင်တဲ့ အတွက်ကြောင့် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို ကျွန်တော်တို့ ပေးဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။”
ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မသမာသူတွေရဲ့လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရပါတယ်။
အခု ပထမဆုံးအကြိမ်ပေးအပ်မဲ့ ဒီ အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေး ဆု ကို ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ် မှာ မတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖို့ဝိန်း ညီလာခံ ကျင်းပဖြစ်လို့ ညီလာခံက သဘောတူရင် ဒီဆုကို နှစ်စဉ်ချီးမြှင့် သွားဖို့ မျှော်လင့်ရကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။