ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်ဆွေးနွေးပွဲ ဒုတိယနေ့ ပြုလုပ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်များ ဆွေးနွေးပွဲ ဒုတိယပိုင်းအဖြစ် ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့ ပြုလုပ်ရာမှာ လူငယ် ချိတ်ဆက် လှုပ်ရှားကိစ္စ၊ ပြည်ထောင်စုကိစ္စ၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

2011.02.09
assk_youth_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များမှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်ရုံးတွင် ကျင်းပနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒုတိယ ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးဖို့ ကျန်ရှိနေတဲ့ မန္တလေး၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ ကယား စတဲ့ ပြည်နယ်နဲ့ တိုင်းက လူငယ်တွေက လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။

လူငယ်တွေ တင်ပြတဲ့ အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြား ဆွေးနွေးတာတွေလည်း ရှိတယ်လို ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NDL လူငယ် ခေါင်းဆောင် ကိုမျိုးညွန့်က ပြောပါတယ်။

ဆွေးနွေးပွဲကို မနက် ၉ နာရီခွဲက စတင်ပြီး နေ့လည် ၂ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲကို လူငယ် ၂၀၀ ခန့် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုဇော်မိုးကျော်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကနေ ဆက်သွယ် မေးမြန်း သတင်း ပေးပို့ထားပါတယ်။
သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ လူငယ်တချို့ကို RFA မှ ကိုဝင်းနိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

လူငယ်များနှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။