အလုပ်သမားအေဂျင်စီများကို ဖမ်းဆီးအရေးယူ

တရားမဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်သမားတွေကို နိုင်ငံခြားကို ပို့ဆောင်နေတဲ့ အလုပ်သမားအေဂျင်စီ ၂၀ ကို မြန်မာအာဏာပိုင်တွေက ဒီတပတ်အတွင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

2011.02.08
job_agency_305_z.jpg နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသည့် မြန်မာ အမျိုးသား၊ အမျိုးသမီးများ ရန်ကုန်မြို့ရှိ အလုပ်သမား အေဂျင်စီတခုရှေ့တွင် စုပြုံ တိုးဝှေ့နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မလေးရှားဗီဇာအတုနဲ့ မလေးရှားကို သွားမဲ့ အလုပ်သမား ဂ၀ ကျော်ကို တွေ့ရှိခဲ့အပြီးမှာ အခုလို အရေးယူခဲ့တာပါ။

မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်မဲ့ အလုပ်သမားတွေကိုလည်း အစိုးရ အေဂျင်စီအချင်းချင်းသာ ပို့ဆောင်ခွင့် ရှိပြီး ပုဂလိက အေဂျင်စီတွေအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူးလို့ မြန်မာ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလက သတ်မှတ်ခဲ့ပါတယ်။

အစိုးရရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ပြည်ပကို အလုပ်သမား ပို့နေတဲ့ အေဂျင်စီ ၁၀၁ ခုလောက် ရှိပြီး တောင်ကိုရီးယားနိုင်ငံက လွဲလို့ တခြားနိုင်ငံတွေကို အလုပ်သမားတွေ ပို့နေကြပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး တနေ့တခြား ကျဆင်းလာတဲ့အတွက် ကျေးလက်နဲ့ အညာက မြန်မာ လူငယ်တွေဟာ မလေးရှားနဲ့ စင်ကာပူလို အိမ်နီးနားချင်း အာရှနိုင်ငံတွေမှာ သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်တာတွေ ပိုများလာနေပါတယ်။

အခုလို နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ အပိတ်ခံရပြီး နောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သူ မမေစောမြင့်က တင်ပြထားပါတယ်။

အလုပ်အေဂျင်စီများ အခြေအနေ
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-09 23:19

The black list should be published.