အစိုးရဝန်ကြီးအဖွဲ့ဝင် ၃၀ အမည်စာရင်းမှာ အရပ်သား စစ်စစ် ၄ ဦးသာ ပါဝင်
2011.02.09

NDF အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဝန်ကြီးဌာန ၂၅ ခုသာ ထားဖို့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန ထားရှိဖို့ တင်သွင်းခဲ့ပေမဲ့ သမတ ဦးသိန်းစိန်က ဝန်ကြီးဌာန ၃၄ ခု ထားရှိရတဲ့ အကြောင်းနဲ့ တိုင်းရင်သားရေးရာဝန်ကြီးဌာန ထားစရာမလိုတဲ့အကြောင်းတွေကို ပြန်လည် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သမတက တင်သွင်းတဲ့ ဝန်ကြီးဌာန အရေအတွက်ကို လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်က လာတဲ့ သတင်းတွေအရ ကာကွယ်ရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ အမတ်ကြီးဖြစ်နေသူ ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ဝန်ကြီးအဖြစ် လက်ရှိရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စတဲ့ပုဂ္ဂိုလ်တွေပါဝင်သလို အရပ်သားတွေထဲက ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ACE ဆောက်လုပ်ရေးက ဦးတင့်ဆန်း၊ မန္တလေး ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာမြအေး၊ ရန်ကုန် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ပါဝင်တယ်လို့ သိရပါတယ်။ အလားတူ ပြန်ကြားရေး ဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဦးကျော်ဆန်းကို တင်သွင်းထားတယ်လို့လည်း သိရပါတယ်။
မနက်ဖြန်မှာ လွှတ်တော် တရက်နားပြီး လာမဲ့ သောကြာနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ ဝန်ကြီး အမည်စာရင်းထဲက ပုဂ္ဂိုလ်တွေကို မဲပေး အတည်မပြုခင် ကန့်ကွက်လိုက ကန့်ကွက်လွှာ တင်သွင်းနိုင်တယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း လွှတ်တော်တက်နေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက ကိုယ်စားလှယ် ၂ ဦးကို RFA က ဆက်သွယ် မေးမြန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဦးစိုးဝင်းနှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်ကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဦးဘုန်းမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |