သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-23
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ လွှတ်တော်ရဲ့ အတည်ပြုမှုတွေကြောင့် တရားဝင်မှု အားကောင်းပေမယ့် စစ်တပ်က ဒီစာချုပ်ကို ပျက်အောင်လုပ်နေတယ်လို့ KNU ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။
2021-12-23
ကလေးမြို့၊ ချင်းဆိုင်ရွာသံလမ်းအနီးမှာ စစ်ကောင်စီစစ်ယာဥ်တန်း ငါးစီးကို ဒီဇင်ဘာ ၂၃ ရက် နေ့မနက်က UGF Kalay မြို့ပြပြောက်ကျားအဖွဲ့က မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို စစ်ကား လေးစီး ပျက်စီးသွားတယ်လို့ UGF Kalay အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-12-23
ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) ထဲက အသက် ၁၈ နှစ်အထက်ရှိသူ လူဦးရေ ၅၀၀၀ ကျော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
2021-12-23
လေးကေ့ကော်မြို့သစ် အနောက်မြောက်ဘက်မှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စခန်းကုန်းဘက်ကနေ တိုက်လေယာဉ်တွေ ပျံလာပြီး ဗုံးကြဲခဲ့တာဖြစ်ပြီး၊ လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီး ကျေးရွာဘက်ကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-12-23
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုပြီး နေပြည်တော်မှာ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံနေကြတဲ့ နိုင်ငံတကာသံတမန်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ပျဉ်းမနားတော်လှန်ရေး တပ်မတော် PRA အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလ ၂၁ ရက် နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2021-12-23
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ အချိန် သုံးလအတွင်း တိုက်ပွဲပေါင်း ၃၀၀ နီးပါးဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုလည်း များပြားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
2021-12-23
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ၁၀ လကျော်အတွင်း NLD ပါတီခေါင်းဆောင်တွေ အပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့ သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၅၅ ဦးအထိရှိပါတယ်။
2021-12-23
နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို စစ်ကောင်စီက စွဲဆိုထား တဲ့အမှုအတွက် လာမယ့်ရုံးချိန်းမှာ နှစ်ဖက်စလုံး အပြီးသတ် လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။
2021-12-23
စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အူမကြီးကင်ဆာနဲ့ ဆေးရုံတက် ခွဲစိတ် ကုသခံနေရတာကြောင့် နေပြည်တော်က ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူး လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-23
ဒီဇင်ဘာ ၂၂ ရက် မနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြေစာပုံ ပြိုကျတဲ့အထဲ ပါသွားသူတွေကို ဒီနေ့ ဆက်လက်ရှာဖွေရာမှာ အမျိုးသား ရုပ်အလောင်း သုံးလောင်း ထပ်ရထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုဂျက်က RFA ကိုပြောပါတယ်။
2021-12-23
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာရွာကို ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက် ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာသား လေးဦးကို ဖမ်းဆီးထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-23
ကရင်ပြည်နယ် လေးကေ့ကော်နဲ့ အနီးတဝိုက်ဖြစ်ပေါ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင် ရှိနေပြီလို့ လေးကေ့ကော်မြို့သစ်တာဝန်ခံ တီးဖားတရားက ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
2021-12-23
မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေအသုံးပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
2021-12-23
လေကြောင်းကနေ ပစ်ခတ်ခံရတဲ့အပြင် နှစ်ကြိမ် မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရေမြက်ရွာမှာ နေအိမ် ၁၅ လုံး အပါအဝင် ကားနှစ်စီးနဲ့ မော်တော်ဆိုင်ကယ်အစီး ၃၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေ ရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-12-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ - က နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ ထပ်မံ တရားစွဲဆိုလိုက်တယ်လို့ တရားစွဲဆိုခံရသူတွေဘက် ရှေ့နေက RFA ကို ပြောပါတယ်။