ဦးညီပုနဲ့ ဦးမင်းအောင် တို့ အမှုထပ်တိုးစွဲဆိုခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ခဲ့တဲ့ ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ - က နဲ့ စစ်တွေ မြို့နယ် တရားရုံးမှာ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားစွဲဆိုခံရသူတွေဘက် ရှေ့နေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပေ မယ့် ဘာကြောင့်တရားထပ်စွဲသလဲဆိုတာတော့ လောလောဆယ် မသိရသေးဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးအေးကျော်သန်းက ပြောပါတယ်။
အခုထပ်တိုးအမှုအတွက် လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ရှေ့နေလွဲစာတင်ဖို့ အွန်လိုင်းဗီဒီယို စနစ်နဲ့ ရုံးချိန်းပေးလိုက်တယ်လို့လည်း ဦးအေးကျော်သန်းက ဆိုပါတယ်။
ဦးညီပုနဲ့ ဦးမင်းအောင် အပါအဝင် အရင်အစိုးရလက်ထက် ဝန်ကြီး ငါးဦးဟာ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲ သုံးစား လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ နဲ့လည်း တရားရင်ဆိုင်နေကြရပါတယ်။
ဦးညီပုကတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။
ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို အခုထပ်မံတရားစွဲဆိုလိုက်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ - က ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွှတ်တော်ဥပဒေပြဌာန်းချက်တွေကို ဆန့်ကျင်မှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး အမြင့် ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပါတယ်။