သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-23
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးရုံးတင် ထားတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အမှုကို ကော့စမွီး တရားရုံးက ဒီကနေ့ မနက် စီရင်ချက်ချမှာဖြစ်ပါတယ်။
2015-12-23
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် Peace Machine လို့ ခေါ်တဲ့လူငယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးကို ငွေကျပ် ၁၀ သိန်း ဒီကနေ့ လာရောက် လှူဒါန်းခဲ့ပါတယ်။
2015-12-23
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက် စိမ်းမြေစာသည် ကားတွေမြို့ထဲမဝင်ဖို့ တားဆီးပိတ်ပင်ခဲ့သူတွေထဲက ဒေသခံ ၇ ဦးကို KIA တပ်ရင်း ၆ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ မနေ့က ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။
2015-12-23
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ရခိုင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ရေး သင်တန်းတွေကိုလည်း လာမယ့် နှစ်သစ်ထဲမှာ စတင်လုပ်ဆောင်သွားမယ်လို့ RWU ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဒီကနေ့ ကြေညာ လိုက်ပါတယ်။
2015-12-23
လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်း တို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-12-23
ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက် အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေသုံးစွဲခွင့်ပြု တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေကို ဒီဇင်ဘာ လ ၂၂ ရက်နေ့က အတည်ပြု ပြဌာန်းလိုက်ပါတယ်။
2015-12-23
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြ တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသား ၃ ဦးတို့ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဒီနေ့လွတ်မြောက်လာကြပါတယ်။
2015-12-23
နိုင်ငံရေးပင်စင်လို့ခေါ်တဲ့ တလုံးတခဲတည်း ချီးမြင့်ငွေ ကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မက ဘဲ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စု အဆင့်ဝန်ကြီးတွေပါ ခံစားခွင့်ရမှာဖြစ်တယ် လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက မနေ့ကကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2015-12-22
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်း ပမယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားလိုက်ပါတယ်။
2015-12-22
မြန်မာနိုင်ငံက စစ်ဖြစ်ရာဒေသတွေမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ အန္တရာယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတာတွေ အတော် များများ ကြုံနေရတယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA က မနေ့က ပြောလိုက်ပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းကို မနေ့က ပြည်သူ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2015-12-22
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဉာဏ်လင်းထက်တို့ ဒီကနေ့ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာ ကြပါတယ်။
2015-12-22
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစား စက်ယန္တရားတွေ တင်သွင်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2015-12-22
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့ တဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှာရှိတဲ့ ဒေါ်ခင်ဝင်းရဲ့ နေ အိမ်ခြံဝန်းထဲမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အပေါ် အကာအကွယ်ပေးမယ်ဆိုတဲ့ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှာ မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးမူကို ကိုင်စွဲ ထားပြီး နောက်ကြောင်းလှန်တာမျိုးတွေ လုပ်မှာမဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။