ဖားကန့်ဒေသမှ ခေါ်သွားသူ ၇ ဦး KIA က ပြန်လွှတ်ပေး


2015.12.23

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းမြေစာသည် ကားတွေမြို့ထဲမဝင်ဖို့ တားဆီးပိတ်ပင်ခဲ့သူတွေထဲ က ဒေသခံ ၇ ဦးကို KIA တပ်ရင်း ၆ က ဖမ်းဆီးခေါ်ဆောင်သွားရာကနေ မနေ့က ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ညှိနှိုင်းဖို့ ခေါ်ယူဆွေးနွေးတာဖြစ်ပြီး မနေ့က သူတို့အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ KIO အဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

ဆန္ဒပြတားဆီးသူတွေထဲက အဲဒီဒေသခံ ၇ ဦးတို့ကို KIA တပ်ရင်း ၆ က ဒီဇင်ဘာလ ၁၆ ရက်နေ့ မှာ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ကေအိုင်အေဘက်ကတော့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်တာမဟုတ်ဘဲ အစိုးရသစ် အကူးအပြောင်းဖြစ်တဲ့ ကြားကာလမှာ ဆန္ဒပြတာတွေ၊ လူထုအုံ့ကြွမှုဖြစ်စေမယ့် ကိစ္စရပ်တွေမလုပ်ဖို့ ခေါ်ယူဆွေးနွေးတာဖြစ်တယ် လို့  ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီဇင်ဘာလပိုင်းအတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စက်ယန္တာရားကြီးတွေနဲ့ နေ့ည တူးဖော်နေကြတဲ့အပြင်၊ မြန်မာ-တရုတ်နယ်စပ်ဘက်ကနေ မြေသယ်ကားကြီးတွေ ဖားကန့်ဒေသကို အများအပြား ဝင်ရောက်နေတာကြောင့် ဒေသခံတွေက ဝိုင်းဝန်းကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

KIO   ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးကို RFA သတင်းထောက် ကိုဘုန်းမြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။