ရတနာပုံ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃ ဦး ပြန်လည် လွတ်မြောက်
2015.12.23
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းသား ၃ ဦးတို့ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဒီနေ့လွတ်မြောက်လာကြပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုအောင်ဆန်းဦးကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။