မြန်မာ ၂ ဦးအမှု ဒီကနေ့ စီရင်ချက်ချမည်


2015.12.23
koh-tao-620.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဖမ်းဆီးရုံးတင်ထားတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ အမှုကို ကော့စမွီးတရားရုံးက ဒီကနေ့ မနက် စီရင်ချက်ချမှာဖြစ်ပါတယ်။

တကယ်လို့ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရင် သေဒဏ်ချမှတ်ခံရနိုင်ပေမယ့် တရားခံအဖြစ် စွဲချက်တင်ခံနေရ သူမြန်မာ ၂ ဦးရဲ့ရှေ့နေကတော့ ဒီအမှုဟာ အစကတည်းက မမျှမတမှုတွေရှိနေခဲ့တဲ့အတွက် သတင်းကောင်း ကိုကြားရမယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းကလည်း သူတို့ ဒီကနေ့လွှတ်မြောက်မယ်လို့ မျှော်လင့်ကြောင်း MWRN ခေါ် ရွေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် ခေါင်းဆောင် Andy Hall နဲ့ မနေ့ကတွေ့ဆုံရာမှာ ပြော ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခိုတောင်ကျွန်းမှာ ကမ္ဘာလှည့်ခရီးသည် ဗြိတိန်စုံတွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဲ့ဒီမြန်မာလူငယ် ၂ ဦးကို ထိုင်းရဲက ဖမ်းဆီးပြီး ရုံးတင်ခဲ့ပါတယ်။

မြန်မာလူငယ်တွေရဲ့ အကျိုးဆောင်ရှေ့နေ ထိုင်းလူမျိုး Nakhon က အမှုကို ရှေ့နေမပါ၊ ဘာသာပြန်မရှိပဲ စစ်ဆေးခဲ့မှု၊ DNA ကိုက်ညီခြင်းမရှိမှု၊ ညင်းပန်းပြီးဖြောင့်ချက်ပေးခိုင်းမှုနဲ့ မျက်မြင်သက်သေကင်းမဲ့မှုတွေကြောင့် စွဲချက်တင်အပြစ်ပေးရန် လုံလောက်တဲ့အကြောင်းမရှိဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။