သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-08
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အလုပ်ရှင်တွေကို ပုံစံနှစ်မျိုးနဲ့ အရေးယူဖို့ စီစဥ◌်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ရန်ကုန်တိုင်း စက်ရုံတွေကနေ ခွဲခြားဆက်ဆံပြီး အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကတော့ NUG ရဲ့ အရေးယူမှုဟာ အပြောမဟုတ်ဘဲ လက်တွေ့ထိရောက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
2022-09-08
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးပြီးရင် လက်နက်ဆက်ကိုင်ချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့် ပေးမယ်လို့ ဩဂုတ် ၂၂ ရက် နေပြည်တော်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
2022-09-07
သမ္မတပူတင်ဘက်က မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် ဧည့်သည်တော်တစ်ဦးအနေနဲ့ တွေ့ဆုံတာ မဟုတ်ပါဘူး။ အဲဒီမြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့သူတွေကို တစ်ဦးချင်းတွေ့ဆုံချိန်မှာ ခဏတွေ့တာ ဖြစ်ပါတယ်။
2022-09-07
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းကို နိုင်ငံရေး ပယောဂကြောင့် စစ်ကောင်စီက ဖမ်းဆီးအရေးယူတာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် စစ်ကောင်စီ အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေသာ ပိုတိုးလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
2022-09-07
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပေါက်၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့ မြို့နယ်ငါးခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ကျော် က နေအိမ် ၁၃၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-07
စစ်တပ်က အာဏာသိမ်းပြီး ခုနစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲခေါ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ပါပြီ။
2022-09-06
မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ တစ်နေ့တစ်ခြား ပိုမိုပြန့်ပွားလာနေကြောင်း၊ စစ်ကောင်စီဟာ တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်းနဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ကမ္ဘာက လက်မခံနိုင်တော့ကြောင်း စသဖြင့် ဟောပြောသူတွေက တင်ပြခဲ့ပါတယ်။
2022-09-06
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နိုင်ငံရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီမို့ အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ Special Advisory Council for Myanmar( SAC-M) က စက်တင်ဘာ ၅ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
2022-09-06
ရခိုင်ပြည်နယ် စစ်တွေ၊ ဂွ၊ အမ်း၊ သံတွဲ၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၈၀၀ လောက်ရှိပါတယ်။
2022-09-06
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းဇယားတွေအရ အာဏာသိမ်း တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးသူငယ် ၃၈၀ ဦး ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၇၂ ဦးပြန်လွတ်လာပေမယ့် ကျန်ကလေးသူငယ် ၃၀၂ ဦးကတော့ ဒီနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
2022-09-05
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ရပ်တည်ချက်တစ်ရပ်ကို အမြန်ဆုံးချမှတ်ဆုံးဖြတ်ဖို့ လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောလိုက်ပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေနဲ့လည်း မြန်မာနိုင်ငံအရေးကို အချိန်ပြည့်စောင့်ကြည့်နေမယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ လိုပြီလို့လည်း ဆိုပါတယ်။
2022-09-05
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့ အတွက် ရွာပေါင်း ၂၆ ရွာက အရပ်သား တစ်သောင်း သုံးထောင်ကျော် ထွက်ပြေးရပြီး လူနေအိမ် ၄ဝ၅ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်(PDF) တွေက ပြောပါတယ်။
2022-09-04
မနေ့က စက်တင်ဘာ ၄ ရက်နေ့မှာလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်ထားရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြပြီး၊ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ စက်တင်ဘာ ၄ ရက်နေ့ မနက်က စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။
2022-09-04
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားလာတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ အရပ်သား တစ်သောင်းခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2022-09-03
မန္တလေးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်လှုပ်ရှားသူ ၂၁ ဦးကို အိုးဘိုထောင်တွင်း တရားရုံးနဲ့ ပြည်ကြီးတံခွန် တရားရုံးတွေကနေ စက်တင်ဘာ ၁ ရက်နေ့က ထောင် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။