သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-10
ကန်ပက်လက်မြို့နယ်က ရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းလျှောဝမ်းပျက်ဖြစ်နေပါတယ်။
2023-07-10
ရုပ်သံပြသခပေးသွင်းဖို့ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ DVB နဲ့ Mizzima သတင်းဌာနတွေကို တရားစွဲဖို့ ပြင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
2023-07-09
မြန်မာနိုင်ငံမှာ စစ်ဘေးနဲ့ တခြား အန္တရာယ်တွေ့ရပြီး ကလေး တစ်သောင်းရှစ်ထောင့်ရှစ်ရာကျော်ဟာ စိုးရိမ်စဖွယ်အကြမ်းဖက်ခံရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
2023-07-09
၂၀၂၃ ခုနှစ်၊ ပထမ ခြောက်လအတွင်း KNU နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၂၅၀၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2023-07-08
ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မဲစယီယန်ခရိုင်မှာရှိတဲ့ ဆောင်ဟိန်ရွာအနီးမှာ ကယားပြည်နယ်ကနေ အခုလတ်တလော ထွက်ပြေးလာတဲ့ဒုက္ခသည် ငါးထောင်ခန့် ရောက်ရှိနေပါတယ်။
2023-07-08
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးချက်မှာ ပိတ်မိမနေဘဲနဲ့ ပိုပြီးထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
2023-07-08
ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံသုံးသောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-07-07
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ နိုင်ငံတကာစီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေကို အရေးယူမယ်ဆိုတဲ့ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံ ဖိအားကြောင့်ဖြစ်တယ်လို့ တရုတ် - မြန်မာအရေးလေ့လာသူတွေက ပြောပါတယ်။
2023-07-07
ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ နမ်ဆန်ယန်ကျေးရွာ တစ်ဝိုက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေအကြား ဇူလိုင်လ ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2023-07-07
စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း လိုက်ပါလာတယ်လို့ ယူဆရတဲ့ ကားဆယ်စီးပါ ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်အနီး မိုင်တိုင် ၁၆၉ မိုင် ၄ ဖာလုံအရောက်မှာ တောင်ငူခရိုင်က ဇူလှိုင်လ ၇ ရက်က မနက် ၉ နာရီ ၁၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
2023-07-07
ကျောင်းသားအရေးတော်ပုံ (ဆဲဗင်းဇူလိုင်) ၆၁ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်အပါအဝင် နေရာအချို့မှာ သပိတ်အင်အားစု၊ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
2023-07-07
နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နှောင့်ယှက်ဖျက်ဆီးသူတွေ၊ ဆက်ကြေးတောင်းခံသူတွေကို အရေးယူသွားမယ်လို့ MNDAA၊ TNLA နဲ့ AA တို့က ကြေညာပါတယ်။
2023-07-07
လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုကို အာဏာသိမ်းစစ်တပ်က လက်နက်သဖွယ် သုံးလာတယ်လို့ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။
2023-07-06
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ရဲ့ စစ်ဦးစီးချုပ်အပါအဝင် အဖွဲ့ဝင် ၆ ဦးလုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီသတ်ဖြတ်မှုတွေကို ရခိုင့်တပ်တော် (AA) က ပြုလုပ်တာ ဖြစ်တယ်လို့ ALP က ပြောဆိုပေမယ့် AA က ငြင်းဆိုထားပါတယ်။
2023-07-06
အာဏာသိမ်းစစ်တပ်လက်ထဲမှာ မြန်မာပြည်ရဲ့ အခြေအနေတွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလမဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။