သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-14
အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးအတွင်း စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မှုဖြစ်စဉ် ၁၈၀၀ ကျော် ကျူးလွန်ခဲ့တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၈ ရက်မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဒီကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးပမ်းနေပါတယ်။
2022-07-13
ဆရာမောင်သာနိုးဟာ သက္ကရာဇ် ၁၂၁၄ ခုနှစ်မှာ နန်းတက်တဲ့ ပထမမြို့တည်နန်းတည် မင်းတုန်းမင်းတရား လက်ထက်ကစပြီး အမှုထမ်းခဲ့တဲ့ မှူးမတ်ကြီး တိုင်တားမင်းကြီးရဲ့ မြစ်တော်စပ်ပါတယ်။ ဆရာ မောင်သာနိုး ရဲ့ ထူးခြားပြတ်သားတဲ့နေထိုင်ပုံကိုလည်း အဲဒီလို မှူးမတ်သွေးပါတာနဲ့ တွဲပြီးမြင်ကြတယ်လို့ ဆရာမနုနုရည် က ပြောပါတယ်။
2022-07-13
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင် ၁၀ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို ရောက်ရှိနေပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင် ၁၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-07-13
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှာ ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား တစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတ်ဖြတ်မှုဟာ စစ်ကောင်စီတပ်သားတွေက ကျူးလွန်တာလို့ ကျေးရွာသားတွေက ပြောဆိုနေပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးပါဘူး။
2022-07-13
အာဏာသိမ်းစစ်ကောင်စီက ၂ဝ၂ဝ ရွေးကောက်ပွဲ ရလဒ်ကို ဥပေက္ခာပြုပြီး လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပါတီဝင်တချို့က စစ်ကောင်စီကို အသိအမှတ်ပြုပြီး အဲဒီရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီသူတွေက ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ခွင့်တောင်းတာကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းလည်း ဒီရက်ပိုင်းထွက်ပါတယ်။
2022-07-12
မော်စကိုအခြေစိုက် Interfax သတင်းမှာ ရုရှားနဲ့မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးတွေအတွက် သဘောတူကြတယ်လို့ ရုရှားကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မနေ့က ရေးသားထားပါတယ်။
2022-07-12
အခုအချိန်မှာ ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာနိုင်ငံတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးဒုက္ခသည်တစ်သန်းအထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၄ သန်းအထိ ရှိနေပါတယ်။
2022-07-12
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ၂၀၂၃ မှာ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မတရားမှုတွေကို အားပေးပြီး ပဋိပက္ခတွေကို ပိုကြာစေမယ့်လုပ်ရပ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတနိုင်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2022-07-12
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လ ဒီနေ့အထိ အချိန်နှစ်လကျော် အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု အကြိမ် ၃၀ နီးပါးရှိခဲ့ပြီး အဲဒီအထဲမှာ အရပ်သား သေဆုံးသူ ခြောက်ဦးနဲ့ ထိခိုက်ဒဏ်ရာသူ ၁၁ ဦးအထိရှိနေတယ်လို့ မိုင်းကိစ္စနဲ့ ပတ်သက်လို့ စာရင်းပြုစုနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
2022-07-12
ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်အနီးမှာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစလို့ ဖြစ်ပွားခဲ့တဲ့ ဥကရစ်ထတိုက်ပွဲနဲ့ ဝေါလေဒေသ တိုက်ပွဲတွေကြောင့် ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ၂၄၀၀ လောက် ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2022-07-11
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ခေတ်မီနည်းပညာသုံး လုံခြုံရေးကင်မရာတွေ တိုးချဲ့ တပ်ဆင်နေတယ်လို့ ရိုက်တာသတင်းက ဖော်ထုတ်လိုက်ပါတယ်။ အထူးသဖြင့် မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို အသုံးပြုထားတာပါ။ ဒါဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။
2022-07-11
ရန်ကုန်တိုင်းမှာ ဆိုင်ကယ်စီးနင်းခွင့်တွေကို စစ်ကောင်စီက တဖြည်းဖြည်း ကန့်သတ်ပိတ်ပင်နေရာကနေ အခုဆိုရင် ပိတ်ပင်ခံရတဲ့မြို့နယ်တွေဟာ အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနဲ့ ဒလ စတဲ့ မြို့နယ်ငါးခုအထိ ရှိလာပါတယ်။
2022-07-11
စစ်ကောင်စီက PDF တွေကို လက်နက်ချ အလင်းဝင်ဖို့ စည်းရုံးနေပေမယ့် တကယ့်လက်တွေ့မှာတော့ စစ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး ဖမ်းဆီးရမိတဲ့ PDF အဖွဲ့ဝင်တွေကို ညှဉ်းပန်းနှိပ်စက်တာနဲ့ အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-07-10
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြတဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးကို သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။
2022-07-09
၂ဝ၁၉ နှစ်ကုန်အထိ ဆယ်နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားစစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၈ဝ၉ သန်းဖိုး ဝယ်ယူတယ်လို့ Stockholm International Peace Institute စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။