သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-17
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း တွေ ပိုဆိုးလာခဲ့သလို ပြည်သူတွေရဲ့ လူနေမှုဘဝတွေလည်း ပိုပြီး ခက်ခဲလာခဲ့ပါတယ်။
2022-03-17
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဂျပန်အစိုးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
2022-03-17
၂၀၂၁ ဒီဇင်ဘာလဆန်းကနေ ၂၀၂၂ မတ်လဆန်းအထိ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ မန္တလေးတိုင်း မြစ်ငယ်မြို့၊ ပဲခူးတိုင်း တောင်ငူနဲ့ စစ်တွေမြို့က ကျူးကျော်လို့စွပ်စွဲခံရတဲ့ အဆောက်အအုံ ၁၃၉၂ လုံး ဖျက်ဆီးခံရပြီး လူ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။
2022-03-16
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်း ထောင်သောင်းများစွာ ကလုပ်ငန်းခွင်တွေကို ကျောခိုင်းပြီး CDM အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ အခုထိ အုပ်ချုပ်ရေးယန္တရားကို ပုံမှန်လည်ပတ်နိုင်ခြင်း မရှိပါဘူး။ အဲဒီ CDM ဝန်ထမ်းအများစုဟာ အခက်အခဲ မျိုးစုံကြားက ကြံ့ကြံ့ခိုင် ရပ်တည်နေကြပါတယ်။
2022-03-16
Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။
2022-03-16
ယူကရိန်းစစ်ပွဲ အရှိန်ပြင်းလာတာနဲ့အမျှ ရုရှားရဲ့လုပ်ရပ်တွေဟာ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေထဲမှာ မပါတော့တဲ့ မြန်မာနိုင်ငံကဖြစ်ရပ်တွေနဲ့ တစ်ထပ်တည်း တူလာနေတာ တွေ့ရပါတယ်။
2022-03-16
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် ပြီးခဲ့တဲ့ လလောက်ကစပြီး ငွေစက္ကူအတု အရောင်းအဝယ်တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
2022-03-15
မြန်မာအာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး မြေပြင်နဲ့ဝေဟင်ကပါ တိုက်ခိုက်နေတာဟာ ဒုတိယကမ္ဘာစစ်အတွင်း ကထက်ပိုမိုဆိုးရွားနေကြောင်း လူသားချင်းစာနာကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Rangers အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး David Eubank က ပြောပါတယ်။
2022-03-15
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး နုတ်ထွက်ကြဖို့ ရေစကြို PDF က သတိပေးလိုက်တာကြောင့် မတ်လဆန်းကစလို့ ဆေးရုံ လေးခုနဲ့ အခြေခံပညာကျောင်း ၂၀၀ နီးပါး ပိတ်သွားပါတယ်။
2022-03-15
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်၊ ဇနီးဖြစ်သူနဲ့ လသားအရွယ် ကလေးငယ် သတ်ဖြတ်ခံရတဲ့အပေါ် ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး ဝိုင်းဝန်းတွန်းအားပေးကြဖို့ အရပ်ဖက်အဖွဲ့စည်းတွေက တောင်းဆိုနေကြပါတယ်။
2022-03-14
အမေရိကန် အထက်လွှတ်တော်မှာ Consolidated appropriation act of 2022 ခေါင်းစဉ်နဲ့ တင်သွင်းဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်းမှာ ၂၀၂၂ ခုနှစ်အတွက် အမေရိကန်အစိုးရ အသုံးစရိတ်အဖြစ် ဒေါ်လာ ၁.၅ ထရီလီယံ သုံးစွဲသွားဖို့ မတ်လ ၁၁ ရက်နေ့က အတည်ပြုလိုက်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း ပေးအပ်သွားမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။
2022-03-14
မြန်မာ့ဒီမိုကရေစီရေးဟာ အောင်မြင်နိုင်တဲ့အလားအလာရှိပြီး၊ ကမ္ဘာ့အကူအညီသာလိုအပ်ကြောင်း၊ ထောက်ခံသင့်တဲ့ကိစ္စလည်းဖြစ်ကြောင်း ပြည်ပမူဝါဒရေးရာ ပညာရှင်တစ်ဦးက ပြောလိုက်ပါတယ်။
2022-03-14
NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေ LPDF တွေအကြား ညီညွတ်မှု ပျက်ပြားသွားမယ်ဆိုရင် နွေဦးတော်လှန်ရေးဟာ ရှင်သန်ဖို့ အခက်အခဲတွေ့မှာ အမှန်ပါပဲ။ ဒါကို သိတဲ့ စစ်ကောင်စီက အဲဒီအဖွဲ့တွေအကြား သွေးခွဲသပ်လျှိုမှုတွေ ဆောင်ရွက်နေပြီး တိုင်းရင်းသား အဖွဲ့တွေကို နည်းမျိုးစုံနဲ့ စည်းရုံးနေတယ်လို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
2022-03-14
စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ ပိုပြီးဆိုးရွားလာတဲ့ လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿနာကို ပြည်သူတွေရင် ဆိုင်လာရတယ်လို့ မြန်မာနိုင်ငံသားတွေ ပြောဆိုနေကြပါတယ်။ ဒီတစ်ပတ်ဆိုရင် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ တချို့နေရာတွေမှာ ၂၄ နာရီအပြည့် မီးပြတ်မယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာထားပါတယ်။
2022-03-14
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်လမ်းမကြီးပေါ်က သံလမ်းမှတ်တိုင်အနီးမှာ အသက် ၂၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဘေးချင်းကပ်လမ်းလျှောက်လာတဲ့ သူစိမ်း အမျိုးသားတစ်ဦးက လမ်းပေါ်မှာတွန်းလှဲပြီး အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။