“RFA စကားဝိုင်း - ငါးမိနစ်စာ အကျဉ်းချုပ်"
နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.03.14
2022.03.14
“လျှပ်စစ်မီးပြဿနာကို ဘယ်လိုရင်ဆိုင်နေကြလဲ”
စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ ပိုပြီးဆိုးရွားလာတဲ့ လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿနာကို ပြည်သူတွေရင် ဆိုင်လာရတယ်လို့ မြန်မာနိုင်ငံသားတွေ ပြောဆိုနေကြပါတယ်။ ဒီတစ်ပတ်ဆိုရင် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့ထိ တချို့နေရာတွေမှာ ၂၄ နာရီအပြည့် မီးပြတ်မယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြေညာထားပါတယ်။ ဒါကြောင့် လျှပ်စစ်မီးမရတဲ့အတွက် နောက်ဆက်တွဲ ခံစားရမယ့် နေ့စဉ်ကိစ္စတွေအပေါ်မှာ လူထုအနေနဲ့ ဘယ်လိုရင်ဆိုင်နေကြလဲ။ ...ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။
အဓိက ပါဝင်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ... ပုဂ္ဂလိကဆရာမ မသီရိ၊ အလုပ်သမားရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်း၊ ရန်ကုန်မြို့ခံ ကိုအောင်အောင်ဦး - တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စီစဉ်ထုတ်လုပ်ထားပါတယ်။