သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-10
ထန်တလန်မြို့ အပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ ကလွဲပြီး ကျန်တဲ့နေရာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားနိုင်ပေမယ့် စစ်ကောင်စီတပ် ရှိနေသေးတာနဲ့ လေယာဉ်နဲ့ လာပစ်နိုင်တာကြောင့် ဒေသခံတွေ ပြန်နေလို့မရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
2023-02-10
ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်တာတွေက လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ UN OCHA က ဆိုပါတယ်။
2023-02-10
စစ်ကောင်စီကျင့်သုံးမယ့် PR အချိုးကျကိုယ်စားပြုစနစ်ကြောင့် ကိုယ့်ဒေသမှာ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ တိုင်းရင်းသားပါတီတွေဟာ ထောက်ခံမဲတွေ ဆုံးရှုံးသွားနိုင်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2023-02-09
အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကာလုံအဖွဲ့က အစည်းအဝေးခေါ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို နောက်ထပ်ခြောက်လ တိုးလိုက်ကြောင်း ကြေညာခဲ့တာပါ။
2023-02-09
အာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကျင်းပဖို့ အပါအဝင် စစ်ကောင်စီကို ဝေဖန်ထောက်ပြချက်တချို့ကို (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
2023-02-08
မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကို ဖြိုခွဲဖို့နဲ့ လူထုကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးကို အသုံးချလာတာကြောင့် လူများစု ဗုဒ္ဓဘာသာအချင်းချင်းကြားမှာပါ စိတ်ဝမ်းကွဲလာတယ်လို့ မစ္စ ပရက်ဆီလာ ကလပ်က ပြောပါတယ်။
2023-02-08
ကပ္ပလီပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ လှေတွေနဲ့မျောပါနေခဲ့ကြတာကလည်း စိတ်မချမ်းမြေ့စရာ နောက်ထပ် ဖြစ်ရပ်တစ်ခုပါ။
2023-02-08
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ပဲခူးတို့က မြို့နယ် ၂၄ ခုမှာ စစ်တပ်က အချိန်ကန့်သတ်မိန့် ထပ်မံထုတ်ပြန်လိုက်ပါတယ်။
2023-02-08
စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြလာတာပါ။
2023-02-08
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ရုရှားအကူအညီနဲ့ ဖွင့်လှစ်လိုက်ပါတယ်။ နျူကလီးယား အခြေခံအဆောက်အအုံ တည်ဆောက်မယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
2023-02-07
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး ဘိန်းထွက်ရှိမှု ၃၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
2023-02-07
စစ်ရေးပဋိပက္ခနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းရဲတွေရဲ့အဖမ်းအဆီးခံရမှာကို အချိန်ပြည့်ကြောက်ရွံ့နေကြရပါတယ်။
2023-02-07
လားရှိုးမြို့နယ် ဂျာယန်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ လူသစ်စုဆောင်းခံထားရတဲ့ တအာင်းတိုင်းရင်းသား ၁၂၇ ဦးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ TNLA တပ်ဖွဲ့က RFA ကိုပြောပါတယ်။
2023-02-07
ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးဂိတ်တွေ တိုးချဲ့ချထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတဲ့အတွက် အခက်ကြုံနေရပါတယ်။
2023-02-06
အာဏာသိမ်း နှစ်နှစ်အတွင်း ပစ်မှတ်ထား ဖိနှိပ်မှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ (NLD) ပါတီအတွက် ဆက်လက်ရှင်သန်ရေးနဲ့ ပါတီမှတ်ပုံတင်ရေးကိစ္စတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။