သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-13
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစပြီး လျှပ်စစ်မီး အလွန်အမင်း ပြတ်တောက်တာမျိုး မရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး ၁၁ လအကြာ အခုချိန် မှာတော့ နေ့စဉ်နီးပါး မီးပျက်နေတဲ့အတွက် ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝနဲ့ အသေးစားလုပ်ငန်းတွေအပေါ် ထိခိုက်လာတယ်လို့ ပြောပါတယ်။
2022-01-12
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်ကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကို အင်္ဂါနေ့က ချီးမွမ်းပြောဆိုလိုက်တဲ့အတွက် မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးလှုပ်ရှားသူတွေအကြား ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
2022-01-12
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ် တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် နှစ်သောင်းကျော်ဟာ ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင် သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေက ပြောပါတယ်။
2022-01-12
စစ်အာဏာသိမ်းပြီး ၁၁ လအကြာမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက မြို့ပြနဲ့ ကျေးလက်မှာပါ ဒုစရိုက်မှုတွေ ပိုများလာတာကြောင့် စားဝတ်နေရေးခက်ခဲမှုနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-12
လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို ကူးပြောင်းရေးလုပ်ဆောင်လိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆ ထားပါတယ်။
2022-01-11
ကယားပြည်နယ် လွိုင်ကော်မြို့ကို စစ်ကောင်စီတိုက်လေယာဉ်တွေက မနေ့ ညနေပိုင်းမှာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဆီဆိုင်မြို့နယ်မှာ လက်ရှိစစ်ဘေး ရှောင် တစ်သောင်းကျော်ခန့်ရှိတဲ့အနက် တစ်ထောင်လောက်ကို ဆီဆိုင်ဆရာတော် ဦးကောဝိဒက စောင့်ရှောက် ထားပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
2022-01-11
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၂၂ မှာစတင်မယ့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြင်းပယ်လိုက်ပြီး စစ်တပ်ကို အာဏာစွန့်ဖို့နဲ့ စစ်တန်းလျားပြန်ဖို့သာ တိုက်တွန်းလိုက်ပါတယ်။
2022-01-11
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာ ကြောင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေနဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံ ရေး စစ်ကောင်စီက လုပ်ဆောင်နေတဲ့အပေါ် အယုံအကြည်မရှိဘူးလို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။
2022-01-10
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ မြန်မာ ပြည်သူတွေ အကျိုးဖြစ်ထွန်းဖို့ထက် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ရည်ရွယ် တာဖြစ်တယ်လို့ ပြည်ပ လေ့လာသုံးသပ်သူ အချို့က ဆိုပါတယ်။
2022-01-10
မကြာခင်ကမှ ပြီးဆုံးသွားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် လုံးဝအကျိုးမရှိဘဲ စစ်ကောင်စီအတွက်သာ အကျိုး ရှိခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
2022-01-07
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်က ဒီရက်ပိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်သား ၆ဝ ကျော် ကျဆုံးခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
2022-01-07
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး ၁၁ လကျော် အတွင်းမှာ စစ်ကြောရေးမှာ သေဆုံးသူပေါင်း ၁၀၃ ဦးပြည့်ခဲ့ပါပြီ။
2022-01-06
၂ဝ၂၂ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ကြုံတွေ့နိင်တဲ့ လူ့အခွင့်အရေး အခြေအနေ တင်ပြချက်နဲ့ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရဖို့စစ်ကောင်စီက ကြိုးပမ်းနေတဲ့အကြောင်း ဆောင်းပါးတွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။
2022-01-06
စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် ၁၁ လအတွင်း မြို့ခြောက်မြို့နဲ့ ကျေးရွာပေါင်း ၉၀ က လူနေအိမ် ၂၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Data for Myanmar အဖွဲ့က ဇန်နဝါရီ ၆ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
2022-01-06
မြန်မာနိုင်ငံကို မကြာခင်လာရောက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဥ်ဟာ စစ်အာဏာရှင်ကို အသိအမှတ်ပြုဖို့သက်သက်ဖြစ်နေပြီး မြန်မာပြည် သူတွေအတွက် အကျိုးမရှိနိုင်တာကြောင့် မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီ တိုင်းက ဒေသတချို့မှာ ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။