သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-22
လာမယ့်လတွေအတွင်း ရိက္ခာမလုံလောက်မှု မြန်မြန်ဆန်ဆန် ထိုးတက်သွားနိုင်ခြေ ရှိနေပြီး စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာလူဦးရေ တစ်ဝက်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က သတိပေးပါတယ်။
2022-03-22
မြန်မာစစ်တပ်ဟာ သတင်းထောက်တွေကို ရန်သူလို သဘောထားနေတာ တွေ့ရတယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာလက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
2022-03-22
မတ်လ ၂၇ ရက်နေ့ကို ၇၇ ကြိမ်မြောက် တပ်မတော်နေ့အဖြစ် နေပြည်တော်မှာ ကျင်းပဖို့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေအပါအဝင် လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေ ကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အခုလိုဖိတ်ကြားရာမှာ အဖွဲ့ဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့စာမှာပါရှိတာကြောင့် တိုင်းရင်းသားတွေကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
2022-03-22
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေ ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက တရားဝင် ကြေညာလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်သူတွေက ပြောပါတယ်။
2022-03-21
အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ကြေညာချက် ခုနစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ ရှစ်ကြိမ်မြောက် လူမျိုးတုံးသတ်ဖြတ်မှု ကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
2022-03-21
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ကိုးသိန်းနီးပါး ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ဒုက္ခသည်တွေဆီ အကူအညီတွေ ရောက်ရှိဖို့ ခက်ခဲနေတယ်လို့ UNOCHA က မတ်လ ၁၉ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။
2022-03-20
ပုလဲမြို့နယ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ နေအိမ်တွေ မီးရှို့ခံရမှု အများဆုံးမြို့နယ်ဖြစ်သလို စစ်ဘေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၅ဝ ဝန်းကျင်က ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-19
ပဋိပက္ခဇုန်နယ်မြေတွေမှာ ဥရောပ အရှေ့တောင်ဘက်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံ ဆားဘီးယားကထုတ်လုပ်တဲ့ လက်နက်တွေ မကြာခင်နှစ်ပိုင်းတွေမှာတွေ့ရပြီး မြန်မာနိုင်ငံကိုလည်း စစ်အာဏာမသိမ်းခင်ကနဲ့ သိမ်းပြီး ရက်ပိုင်းအတွင်း ဒုံးကျည်တွေ တင်ပို့ပါတယ်။
2022-03-18
ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်လာတဲ့ CDM လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးတဲ့အနေနဲ့ သြစတြေးလျအစိုးရက သူတို့နိုင်ငံမှာ လာရောက်အခြေချ နေထိုင်ခွင့်တွေ ပေးနေပြီဖြစ်ပါတယ်။
2022-03-18
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်လာခဲ့တဲ့ CDM လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကာအကွယ် ပေးတဲ့အနေနဲ့ သြစတြေးလျအစိုးရက သူတို့နိုင်ငံမှာ လာရောက်အခြေချနေထိုင်ခွင့်တွေပေးနေပြီဖြစ်ပါတယ်။
2022-03-18
၂၀၂၂ မတ်လ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ၃၆ ကြိမ်၊ မန္တလေးမြို့မှာ ၃၄ ကြိမ် စုစုပေါင်း အကြိမ် ၇၀ အထိ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
2022-03-18
စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ မတ်လ ၁ ရက်ကနေ ၁၅ ရက်အထိ လူ ၆၉ ဦး သေဆုံးခဲ့ပါတယ်။
2022-03-17
မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး ၁၅ ဦးရဲ့ ဆေးကုသခွင့်လိုင်စင် (ဆ/မ လက်မှတ်) တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒီအဖြစ်အပျက်ကို သိရှိထားတဲ့ မန္တလေး ဆရာဝန်တွေက RFA ကို ပြောပါတယ်။
2022-03-17
စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကနေ ဓာတ်အားလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြင်ဆင်၊ ချိတ်ဆက်တာတွေ လုပ်မယ်လို့ ကြေညာထားတဲ့ မတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ တစ်နေ့ကို လျှပ်စစ်မီး ၁၀ နာရီကနေ ၂၄ နာရီ (တစ်ရက်လုံးနီးပါး) ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-17
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ၁၃ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီးအယောက် ၁၅ဝ ဝန်းကျင်နဲ့ ကလေး ၁၃ဝ လောက် အသတ်ခံရပြီး စစ်ကိုင်းတိုင်းမှာသေဆုံးမှု အများဆုံးဖြစ်တယ်လို့ NUG အစိုးရက ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။