သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-24
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး၊ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကြိုးပမ်းမှုတွေလည်း မအောင်မမြင်ဖြစ်နေတဲ့အတွက်၊ အကူအညီတွေ အသည်းအ သန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
2021-09-24
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပေါင်း ၁၀ ခုမှာ စစ်ကောင်စီက မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၁၀ ရက်မြောက်ရှိ လာပါပြီ။ အခုလို အင်တာနက်ဖြတ်တောက်မှုကြောင့် ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝတွေ ထိခိုက်လာနေသလို စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-23
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet မီရှဲဘက်ချလက် က မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေပိုမိုဆိုးဝါးလာနေတဲ့အတွက် ထိန်းသိမ်းလို့မရတဲ့ အခြေအနေတွေ မရောက်ခင်မှာ တားဆီးမှုတွေကို အရေးတကြီး ဆောင်ရွက်ဖို့လိုနေပြီလို့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူတချို့ရဲ့ အမြင်တွေကို တင်ပြထားပါတယ်။
2021-09-23
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ ပိုများလာတယ်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတွေက ပြောပါတယ်။
2021-09-23
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲခေါ် ပြီးတဲ့နောက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆက်သွယ်လာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်အရေအတွက်ဟာ နှစ်ပတ်အတွင်း ၄၀၀ ကျော်ထိရှိလာ တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောပါတယ်။
2021-09-22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော် လှန်ကြဖို့ ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက အင်အားသုံးဖိနှိပ်မှုတွေကို ပိုမိုလုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
2021-09-21
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာ၊ အရပ်ဘက်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား ဖြစ်လာနိုင်ချေရှိတဲ့ ငြင်းခုန်မှုကို ရှောင်လွှဲကြတယ်လို့ Wall Street Journal ရဲ့ဆောင်းပါးမှာ မနေ့က ဖော်ပြထားပါတယ်။
2021-09-21
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အခုနောက်ပိုင်း နေရာဒေသအသီးသီးက ဆန္ဒပြပွဲတွေကို လူငယ်အမျိုးသမီးတွေက ဦးဆောင်လာတာ တွေ့နေရပါတယ်။ အမျိုးသမီးတွေ စုစည်းပြီး ချိတ်ဆက် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။
2021-09-21
ရှမ်းပြည်နယ်မြောက်ပိုင်းက ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်ခွဲတွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းနဲ့ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2021-09-21
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတစ်ဝန်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ကြဖို့ ကြေညာပြီးနောက် စစ်ကောင်စီအပေါ် တိုက်ခိုက်မှုတွေနဲ့ နှစ်ဖက် တင်းမာမှုတွေ ပိုမြင့်လာတာကြောင့် နိုင်ငံတကာက တိုက်တွန်းနေတဲ့ ငြိမ်းချမ်းရေးလမ်းက အလှမ်းဝေးနေဆဲပဲလို့ လေ့လာသူတွေ ထောက်ပြကြပါတယ်။
2021-09-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုစိတ်ဓာတ်ကျစေမယ့် စကားမျိုးကို သူဘယ်တော့မှ ပြောမှာမဟုတ်ဘူးလို့ ရှေ့နေတွေကတဆင့် မနေ့က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင် ဆန်းစုကြည်က CRPH နဲ့ NUG က ဆောင်ရွက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဘူးဆိုတဲ့ ကောလာ ဟလတစ်ခု ထွက်ပေါ်လာခဲ့တာနဲ့ စပ်လျဉ်းပြီး မနေ့က တရားရုံးထုတ်စဉ် သူမရဲ့ရှေ့နေတွေက မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2021-09-20
သူ့အနေနဲ့ ပြည်သူလူထုဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူးလို့ ဖမ်းဆီး ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်က ဒီကနေ့ရုံးချိန်း မတိုင်ခင်မှာ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရတုန်း ဒေါ်အောင်ဆန်း စုကြည်က အခုလိုပြောခဲ့တာပါ။
2021-09-18
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခံခဲ့ကြရသူတွေအတွက် တရားရေး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာဖွယ်ရှိပါတယ်။
2021-09-17
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ကျေးရွာအချို့မှာ စစ်တပ်က ဒေသခံတွေကို PDF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ အလွန်ဆိုးဝါး ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စစ်တပ်က ဖမ်းဆီးရမိတဲ့ PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တာ စစ်ရာဇဝတ်မှု မြောက်၊ မမြောက်ဆိုတာနဲ့ ပတ်သက်လို့တော့ လေ့လာ ဆန်းစစ်ဖို့ လိုတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးက ပြောပါတယ်။
2021-09-17
မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ရှစ်လအထိကြာလာချိန်မှာ မြန်မာကျပ်ငွေ တန်ဖိုး မကြုံစဖူး ကျဆင်းနေသလို ပြည်တွင်းရွှေဈေးနှုန်းတွေဟာလည်း စံချိန်တင် မြင့်တက်လာနေပါတယ်။ တစ်ချိန်တည်းမှာ ပြည်တွင်းစားသောက်ကုန် ဈေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက် လာတာကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေနဲ့ ပိုကြုံလာရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တွေက သုံးသပ်ကြပါတယ်။