သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-31
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်နဲ့ မောက္ခပညာရေးမဂ္ဂဇင်းတို့ ပူးပေါင်းပြီး ဒီမိုကရေစီပညာရေးဆိုတဲ့ ဆွေးနွေးပွဲကို မနေ့ကစပြီး ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
2013-05-31
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားက ရခိုင်ပြည်နယ်မြို့နယ် တချို့မှာထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်မိသားစုတွေ တစ်အိမ်ထောင် ကလေးနှစ်ဦးထက်ပိုမယူရဆိုတဲ့ ဒေသန္တရ အမိန့်နဲ့ပတ်သက်ပြီး ဒီအမိန့်ဟာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမူရှိမရှိကို ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ အစိုးရအနေနဲ့တာဝန်ရှိတယ်လို့ မေလ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2013-05-31
အစာငတ်ခံ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အတွင်းက စံကောင်း ပီနံအိတ်စက်ရုံမှာ ဝန်ထမ်း ၄ဝ ကျော် ကို အလုပ်ဖြုတ်ခဲ့တာဟာ စက်ရုံလုပ်ငန်းခွင် ရပ်ဆိုင်းအောင် အနှောင့်အယှက်ပြုခဲ့တဲ့ အတွက်ကြောင့်သာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-05-31
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ-မွတ်စလင်တွေ တစ်အိမ်ထောင် ကလေး ၂ ဦးနှုန်းသာမွေး ဖွားဖို့ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ပါတီ ၈ ခုပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2013-05-31
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားတို့ဟာ ဒီကနေ့မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းသုံးခုကို သွားရောက်လေ့လာခဲ့ပါတယ်။
2013-05-31
တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းရဲ့ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တချို့ဟာ ဇွန်လ ၅ ရက်နေ့မှာ တရုတ်ပြည်ကို တစ်ပတ်ကြာ လေ့လာရေးခရီး သွားရောက် မယ်လို့ သိရပါတယ်။
2013-05-31
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဂျိုဝါထလွန် ကျေးရွာအုပ်စုက လယ်သမား အယောက် ၅ဝဝ ကျော်လောက်ဟာ ဇင်းဘောင်ကုမ္ပဏီက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်မှာ ထွန်တုံးတိုက်ပွဲအဖြစ် ဒီကနေ့မနက်ပိုင်းကစပြီး ဝင်ရောက် ထွန်ယက် ခဲ့ကြတယ်လို့ သိရပါတယ်။
2013-05-31
မြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ရရှိတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။
2013-05-31
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ကမ္ဘာ့သတင်းစာဆရာများ အသင်းက ၂၀၀၁ ခုနှစ်က ချီးမြှင့်ခဲ့ တဲ့ ရွှေကလောင်ဆုကို အဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ မစ္စတာ Aidan White က ရန်ကုန်မြို့ ဦးဝင်းတင်နေထိုင်ရာ အိမ်မှာ မနေ့က လာရောက်ပေးအပ်ခဲ့ပါတယ်။
2013-05-31
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုတွေ ရရှိလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ လူနေမှုအဆင့် သိသိသာသာ မြင့်တက်မလာသေးတဲ့အတွက်၊ ဒီအခြေအနေ ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက် မှုတွေရှိလာလိမ့်မယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသူ ပညာရှင်တွေက ပြောပါတယ်။
2013-05-31
အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော မြို့နယ်တွေမှာ တစ်အိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ညွှန်ကြားချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
2013-05-30
မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစား ပွဲတော် ဆီးဂိမ်း (SEA Games) မှာ သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့ အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်း ကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက် ပါတယ်။
2013-05-30
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် မှာရှိတဲ့ စံကောင်း ပီနံအိတ်စက်ရုံရှေ့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမား ၁၆ ဦးထဲက နောက် ထပ်အမျိုးသမီးအလုပ်သမား ၂ ဦးကို ဒီကနေ့ အင်းစိန်ဆေး ရုံကို ပို့ဆောင်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။
2013-05-30
မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှာ နေထိုင် သူတွေရဲ့ နေအိမ်တွေကို အာဏာပိုင်တွေ သိမ်းယူပြီး နန်းထိုက်တော်ဝင် စားသောက် ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ပြန်လည်ရောင်းချခဲ့တဲ့အပေါ် သတင်းစားရှင်းလင်းပွဲ ပြုလုပ်ခဲ့တာကြောင့် အင်းစိန်ထောင် မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုထင်ကျော်နဲ့ အိမ်ပိုင်ရှင်နှစ်ဦးကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ဒီကနေ့မှာ ကိုယ်ပိုင်အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက် ပါတယ်။
2013-05-30
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက အဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က တရားရုံးတွေကို အခုရက်ပိုင်းအတွင်း ကွင်းဆင်းလေ့လာခဲ့ရာမှာ မူးယစ်ဆေးဝါးအမှုတွေ တရားရုံးရောက်ရှိမှု နည်းပါး တာတွေ့ရတယ်လို့ RFA ကို ပြောပါတယ်။