မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖိလစ်ပိုင်က မကျေနပ်


2013.05.30

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ  သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း  ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။

နောက်ဆုံး ပြီးစီးခဲ့တဲ့ Indonesia နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော်တုန်းက ဖိလစ်ပိုင်အနေနဲ့ အားကစားသမား ၅ဝဝ ကျော် စေလွှတ်စေခဲ့ပေမယ့် အခု မြန်မာနိုင်ငံက   အားကစားပွဲတော်ကိုတော့  သုံးလေးဆယ်လောက်ပဲ စေလွှတ်မယ်။ သူကိုယ်တိုင်လဲ မတက်ရောက်ဘူးလို့ Mr Garcia က ပြောပါတယ်။

လာမယ့် ဆီးဂိမ်းပွဲတော်မှာ တင်းနစ်နဲ့ ဂျွမ်းဘား အားကစားနည်းတွေလို ခေတ်အဆက်ဆက်ပါဝင်မြဲဖြစ်တဲ့ သမရိုးကျအားကစားတွေ ချန်လှပ်ထားပြီး ခြင်းလုံးခတ်နည်းလို အားကစားတွေထည့်မယ်လို့ မြန်မာနိုင်ငံ က ကြေညာလိုက်တာဟာ အိမ်ရှင်နိုင်ငံအနေနဲ့ ကိုယ့်လူတွေ အသာစီးရရှိအောင် စီစဉ်တာဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံတွေက စွပ်စွဲထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။