ရခိုင်က ဒေသန္တရအမိန့် ကို ပြန်သုံးသပ်ရန်လို


2013.05.31

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားက ရခိုင်ပြည်နယ်မြို့နယ် တချို့မှာထုတ်ပြန်ထားတဲ့ ရိုဟင်ဂျာ မွတ်စလင်မိသားစုတွေ တစ်အိမ်ထောင် ကလေးနှစ်ဦးထက်ပိုမယူရဆိုတဲ့ ဒေသန္တရအမိန့်နဲ့ပတ်သက်ပြီး ဒီအမိန့်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ကိုက်ညီမူရှိမရှိကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ အစိုးရအနေနဲ့တာဝန်ရှိတယ်လို့ မေလ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ ဒေသန္တရဥပဒေဟာ လွတ်လပ်စွာထိမ်မြားလက်ထပ်ခွင့်၊ လှှုပ်ရှားခွင့်နဲ့ မွေးဖွားလာတဲ့ကလေးကို မှတ်ပုံတင်ခြင်းများနဲ့ ပတ်သက်ပြီး အခြေခံလူ့အခွင့်ရေးများကို ချိုးဖောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမိန့်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ပြန်ပြီး လေ့လာနေပါတယ်လို့ သမ္မတရဲ့ပြောခွင့်ရ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။

"ဒေသန္တရအမိန့်ဆိုတာ ပြည်ထောင်စုအစိုးရအနေနဲ့ ထုတ်ပြန်ထားတာမရှိပါဘူး၊ အဲတာကို ပြန်လေ့လာနေပါတယ်"

လူ့အခွင့်အရေးအထူးကိုယ်စလှယ် မစ္စတာ ကင်တားနားရဲ့ ကြေညာချက်မှာ ဆက်လက်ဖော်ပြထားတာက ထုတ်ပြန်ထားတဲ့ ဒီဥပဒေဟာ ဘာသာဝင်တစ်စု၊ လူမျိုးတစ်စုကို ပစ်မှတ်ထားပြီးဆောင်ရွက်တာ ထင်ရှားနေတာကြောင့် ဗဟိုအစိုးရအနေနဲ့ ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားပါတယ်။

အလားတူပဲ ကုလသမဂ္ဂကလေးငယ်များ အခွင့်အရေးကော်မတီကလည်း ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ကန့်ကွက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။