သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-23
အမေရိကန် နိုင်ငံအနေနဲ့ မြန်မာ စစ်ကောင်စီကို ကုလသမဂ္ဂက တစ်ဆင့် ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က AFP သတင်းဌာနကို ပြောလိုက်ပါတယ်။
2022-09-23
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေး တည်ငြိမ်ရေးကိုလည်း ထိခိုက်လာနိုင်သလို ပိုပိုဆိုးလာနိုင်တယ်လို့လည်း စက်တင်ဘာလ ၂၃ ရက် ဒီကနေ့ ကုလသမဂ္ဂညီလာခံမှာပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
2022-09-23
ဒီတပတ်ဆွေးနွေးကြမှာကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့သွားပြီးပစ်ခတ်ရာမှာ ကျောင်းကိုထိမှန်ခဲ့ပြီး ကလေး ရ ဦးအပါအဝင် စုစုပေါင်း ရွာသား ၁၃ ဦးသေဆုံးရတဲ့အကြောင်းဖြစ်ပါတယ်။
2022-09-23
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မကွေးတိုင်းကနေ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာမိန်းကလေးတွေဟာ ထိုးကြိတ်ရိုက်နှက်မှု၊ အစားအစာ ဝလင်အောင်မကျွေးမှု အပါအဝင် နှိပ်စက်မှုမျိုးစုံ ခံစားနေရတယ်လို့ ကာယကံရှင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။
2022-09-23
ဟန်လေးကို ဒီကနေ့ မနက် ၁ဝ လောက်မှာ RFA က ဆက်သွယ်တဲ့အခါမှာ မြန်မာပြည်က ရဲတပ်ဖွဲ့ဝင်တချို့ ထိုင်းနိုင်ငံကို မနေ့ညက ရောက်နေပြီး သူ့ကို တွေ့ခွင့်ရဖို့ ထိုင်းအာဏာပိုင်တွေက တဆင့် ပြောဆိုခဲ့တဲ့အကြောင်းနဲ့ သူက ငြင်းပယ်လိုက်တဲ့အကြောင်း ပြောပါတယ်။
2022-09-23
ရဲကင်းစခန်းဟာ ကျိုက်ဝိုင်းဘုရားလမ်းနဲ့ အင်းစိန်လမ်းမကြီးထောင့်မှာ ရှိတာဖြစ်ပြီး စစ်ကောင်စီ တပ်သား သုံးဦးကနေ၊ လေးဦးအထိ ပုံမှန် လုံခြုံရေး ယူထားတာ ဖြစ်ပါတယ်။
2022-09-23
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နဲ့ မလကျွန်းကျေးရွာမှာ စက်တင်ဘာ ၂၂ ရက် မနေ့က အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ် နှစ်ဦး အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-23
စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အုတ်ဖိုအိုင်ရွာက ရွာသား ၁၀ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
2022-09-23
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ မွေတော်ဘုရားဘုန်းကြီးကျောင်းနဲ့ စက်တော်ရာဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ဒီနေ့အထိ ဒေသခံ ၈၀ ကျော် ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-23
ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ မလေးရှားအစိုးရ အပါအဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကတော့ အာဆီယံအနေနဲ့ NUG အစိုးရကို တရားဝင်တွေ့ဆုံဖို့ တောင်းဆိုနေပါတယ်။
2022-09-23
မြန်မာစစ်တပ် ဘဏ္ဍာငွေမရအောင် ဖြတ်တောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2022-09-23
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၁၉ လကျော်ကြာတဲ့အထိ သတင်းမီဒီယာသမားတွေကို ဆက်လက် ဖိနှိပ်နေဆဲ ဖြစ်တာကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ လုံးဝ ဆိတ်သုဥ်းသွားပြီလို့ ဝါရင့် သတင်းစာဆရာတွေ၊ သတင်းသမားတွေနဲ့ ဥပဒေပညာရှင်တွေက ပြောပါတယ်။
2022-09-23
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ငါးသိန်းသုံးသောင်းကျော် (၅၃၃,၈၃၃ ဦး) အထိ ရှိနေတယ်လို့ ISP – Myanmar က ဖော်ပြထားပါတယ်။
2022-09-23
မြန်မာ့အကျပ်အတည်းပြေလည်ရေးအတွက် အထူးကိုယ်စားလှယ်ကိုပံ့ပိုးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေတိုးပေးဖို့ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
2022-09-23
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းဗဟို (၉) စစ်ကောင်စီတပ်စခန်းအနီးမှာ စက်တင်ဘာ ၂၂ ရက် မနေ့ညနေပိုင်းက ဒေသခံတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။