သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-17
မိမိတို့နိုင်ငံမှာ ကျောင်းသူ ကျောင်းသားတွေကော မိဘတွေ ပါ စိတ်ချမ်းသာစေတဲ့ ပညာရေး စနစ်ကောင်းတစ်ခု ဖြစ်ပေါ်စေလိုတဲ့ ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-11-16
လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်သွင်းထားတဲ့ လယ်ယာမြေ ဥပဒေ မူကြမ်းဟာ တောင်သူ လယ်သမားတွေကို နစ်နာစေနိုင်တဲ့ အတွက် အတည်မပြုသေးဘဲ ဆိုင်းငံ့ထားဖို့ နိုင်ငံရေး ပါတီ ၁၀ ခုက လွှတ်တော် အကြီးအကဲတွေထံ မနေ့က စာရေးသား တိုက်တွန်းလိုက်ကြ ပါတယ်။
2011-11-16
ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
2011-11-16
မြန်မာနိုင်ငံက အပြောင်းအလဲ လက္ခဏာတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးပြောဆိုနေကြချိန်မှာ ဂျပန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် များပြားလာဖို့ အလားအလာတွေ ရှိတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
2011-11-16
နိုဝင်ဘာလ ၁၄ ရက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း တစ်နှစ်ပြည့် ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တွေက ဖေါ်ပြခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားရပ်တချို့ကို စာပေစိစစ်ရေးက ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
2011-11-16
ကိုမင်းကိုနိုင်၊ မနီလာသိန်းစတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဒီကနေ့ ထောင်ပြောင်းလိုက်တယ်လို့ သိရပါတယ်။
2011-11-16
မန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သံဃာတော် ၅ ပါးက သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ အတွင်း အကောင်အထည် ဖေါ်ပေးရမဲ့ အချက် ၃ ချက်ပါ တောင်းဆိုစာကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2011-11-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ ပြည်တွင်းပြည်ပ ဖိအားတွေကို ကျော်လွှားနိုင်ဖို့ နည်းပရိယာယ် အရ ဦးသိန်းစိန် အစိုးရ ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြည်ပ အခြေစိုက် DAB ခေါ် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
2011-11-15
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ဖယ်ရှားဖို့ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တိုးပြီး လုပ်ဆောင်ဖို့ လိုသေးကြောင်း အမေရိကန် အစိုးရက မနေ့က ထပ်မံပြောကြားလိုက်ပါတယ်။
2011-11-15
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့ အကြား ကာကွယ်ရေး ကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းတို့ တနင်္လာနေ့က ဟနွိုင်းမြို့တော်မှာ ဆွေးနွေး သဘောတူညီခဲ့ကြ ပါတယ်။
2011-11-15
မြစ်ကြီးနားမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အဖမ်းခံရသူရဲ့ အိမ်နီးနားချင်းတွေက ပြောပါတယ်။
2011-11-15
လာမဲ့ သီတင်းပတ်အတွင်း အတည်ပြုတော့မဲ့ ရပ်/ကျေး ရွေးချယ်တင်မြှောက်ရေး ဥပဒေမူကြမ်းဟာ အောက်ခြေ ပြည်သူလူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်ဘဲ အထက်ကနေ ခန့်အပ်တဲ့ စနစ်သာ ဖြစ်နေသေးတယ်လို့ သိရပါတယ်။
2011-11-15
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပေမဲ့ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ AIPMC ကတော့ မြန်မာနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေးကို ဆိုင်းငံထားသင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2011-11-15
လာမဲ့ ၂၀၁၄ ခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရေးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။
2011-11-15
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်း မဟာဗုဒ္ဓဝင် ဗိမာန်တော်ကြီးမှာ သံဃာတော် ၅ ပါး ဒီကနေ့ မနက်က စပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဟောပြော ဆန္ဒပြခဲ့ ကြပါတယ်။