ပိတ်ဆို့မှု ဖယ်ရှားရေး အပြောင်းအလဲ တိုးလုပ်ပြဖို့ လိုကြောင်း အမေရိကန် ထပ်ပြော

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ဖယ်ရှားဖို့ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တိုးပြီး လုပ်ဆောင်ဖို့ လိုသေးကြောင်း အမေရိကန် အစိုးရက မနေ့က ထပ်မံပြောကြားလိုက်ပါတယ်။

2011.11.15
mark-toner-305 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner ကို ပုံမှန် သတင်းစာ ရှင်းလင်းပွဲတခုတွင် တွေ့ရစဉ်။ ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
U.S. Department of State

မြန်မာနိုင်ငံမှာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီက ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မဲ့ အလားအလားတွေ တွေ့မြင်ရတဲ့ အတွက် အပြောင်းအလဲ ပိုဖြစ်လာအောင် ပိတ်ဆို့ အရေးယူမှု တချို့ ဖယ်ရှားဖို့ ပြောဆို သုံးသပ်တာမျိုး ရှိမရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က အခုလို ပြောလိုက်တာပါ။

အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရဆီက အပြုသဘော တိုးတက်မှုတွေ လက္ခဏာတွေ တွေ့ရပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာ အစိုးရနဲ့လည်း ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ နိုင်ငံရေး စနစ် လွတ်လပ် ပွင့်လင်းလာရေးလို ကိစ္စတွေမှာ ခိုင်မာ တိကျတဲ့ အပြုသဘေ ာခြေလှမ်းတွေ တိုးပြီး မြင်တွေ့လိုတဲ့ အကြောင်း တိုက်တွန်း ပြောကြားထားပါတယ်လို့ သူက ပြောသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်မှာ ဖြစ်သလို အမေရိကန် သမ္မတ အိုဘားမားလည်း တက်ရောက်ဖို့ ရှိပြီး ၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက မြန်မာပြည် ခရီးစဉ် အတွင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။