အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး ဆန္ဒပြ သံဃာများ တောင်းဆို

မန္တလေးမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ သံဃာတော် ၅ ပါးက သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုဝင်ဘာလ အတွင်း အကောင်အထည် ဖေါ်ပေးရမဲ့ အချက် ၃ ချက်ပါ တောင်းဆိုစာကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။

2011.11.16
monk-protest-mandalay-day2-305 အကျဉ်းကျသံဃာတွေ လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လွတ်လပ်စွာ ဟောပြောခွင့် အတွက် ဆန္ဒပြ တောင်းဆိုနေသော သံဃာ ၅ ပါးရဲ့ တရားပွဲကို ဒုတိယနေ့အဖြစ် တက်ရောက် နာယူနေကြသည့် သံဃာများကို မစိုးရိမ် တိုက်ဟောင်းဝင်း အတွင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။
AFP

ဒီစာကို မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေကတစ်ဆင့် ပေးပို့ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ သံဃာတော်တွေ အမြန်ပြန်လွှတ်ပေးရေးကို ဦးစားပေး တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြ သံဃာ ၅ ပါးရဲ့ တရားပွဲကို တက်ရောက်ခဲ့တဲ့ မန္တလေးမြို့ခံတစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုလို သံဃာ့မဟာနာယကအဖွဲ့ကတစ်ဆင့် စာပို့ရတာဟာ တရားဝင်ဖြစ်အောင်လို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆန္ဒပြသံဃာ့ခေါင်းဆောင် ရှင်သောပါကက မိန့်ပါတယ်။

ဆန္ဒပြသံဃာတော်တွေ အပါအဝင် မစိုးရိမ်တိုက်ဟောင်းဝင်းအတွင်းက သံဃာအပါး ၅၀၀ ကိုပါ မန္တလေးလူထုက နေ့ဆွမ်းကပ်ပြီး ဆန္ဒပြသံဃာ ၅ ပါးဟာ နေ့လယ် ၁ နာရီက ၂ နာရီကျော်ထိ တရားဟောခွင့် ရခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ မန္တလေးတိုင်း သံဃာ့မဟာနာယကအဖွဲ့ဝင် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသက ဆန္ဒပြသံဃာ ၅ ပါးရဲ့တရားပွဲကို အမြန် သိမ်းခိုင်းပြီး ဆန္ဒပြသံဃာတော်တွေကို မဟာမြတ်မုနိဘုရားကြီးတောင်ဘက်က ရေတော်ကျောင်းတိုက်မှာ နေရာချထားလိုက်တယ်လို့ သိရပါတယ်။

မနေ့ကတော့ ဆန္ဒပြသံဃာတော်တွေကို ဗုဒ္ဓဟူး ကြာသာပတေး ၂ ရက် လွတ်လွတ်လပ်လပ် တရားဟောခွင့် ပေးမယ်လို့ သံဃာ့ မဟာနာယဆရာတော်တွေက ကတိပေးခဲ့ပေမယ့် ဒီကနေ့ ၁ ရက်သာ ဟောခွင့်ရပြီး နက်ဖြန်မှာ တရားဟောခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

ဒီဆန္ဒပြမှုနဲ့ပတ်သက်လို့ အခုအထိ အဖမ်းအဆီးတစ်စုံတစ်ရာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အာရ်အက်ဖ်အေ ဝိုင်းတော်သားတော်သားတွေ ဖြစ်တဲ့ ဦးကိုကိုအောင်၊ ဦးဝင်းနိုင်နဲ့ ဦးဉာဏ်ဝင်းအောင်တို့က စုစည်းတင်ပြပါလိမ့်မယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-16 04:58

ဦးဇင်းတို့ ပြည်တွင်က ဦးဇင်းတွေ လုံးဝလုံးဝ မထောက်ခံပါ။ မစိုးရိမ်ဆိုတာ တကယ့်စာသင်သားတွေ စာသင်နေတဲ့နေရာပါ။ ဒီလိုနေရမှာ ကျောင်းမရှိ ကန်မရှိတဲ့ ပြည်ပြေ အ၇ှင်ဘုရားများကို လက်ခံဖို့ နေရာမရှိပါ. ခုလဲ ဦးဇင်းတို့ အားလုံးတိုင်ပင်ပြီ မစိုးရိမ်ကနေ ပြောင်းပေးလိုက်ပါပီ။ ပြည်ပကနေ ခဏပြန်လာ ပြီးရင် နိုင်ငံေ၇းခုတုံးလုပ်ပီး ပြည်ပကို ပြန်သွားတဲ့ နိုင်ငံရေးသမားဆိုသူများကို ကိုမင်းကိုနိုင်တို့ရဲ့ ပုဆိုးလောက်တောင် တန်ဖိုးမရှိပါ.
ဦးဇင်း မန်းတလေး