ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ထောင်ပြောင်း

ကိုမင်းကိုနိုင်၊ မနီလာသိန်းစတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ဒီကနေ့ ထောင်ပြောင်းလိုက်တယ်လို့ သိရပါတယ်။

2011.11.16
prisoners_release_insein_305_Z အကျဉ်းသားမိသားစုဝင်များ အင်းစိန်ထောင်ဗူးဝ၌ စောင့်ဆိုင်းနေကြစဉ် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AAPP)
Photo: AAPP

အဲဒီလို ထောင်ပြောင်းတဲ့ အထဲမှာ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းကျ အရှင် ဂမ္ဘီရနဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် လွှတ်တော် အမတ် ဦးညီပု တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘယ်ထောင်ပြောင်းတယ် ဆိုတာ အတိအကျ မသိရပေမဲ့ ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းတယ်လို့ ထင်ကြေးပေးနေကြ ပါတယ်။

အရှင် ဂမ္ဘီရနဲ့ ဦးညီပုတို့ကို အများ မမြင်အောင် လေယာဉ်နား အထိ ကားနဲ့ ခေါ်သွားတဲ့ အကြောင်း အရှင် ဂမ္ဘီရရဲ့မယ်တော် ဒေါ်ရေးက ကလေးမြို့ လေဆိပ် အနီးကနေ အာရ်အက်ဖ်အေကို ပြောပါတယ်။

အခုလို အကျဉ်းသားတွေကို ပြောင်းရွှေ့တာ မိဘ ဆွေမျိုးတွေကို အကြောင်းကြားခြင်း မရှိဘူးလို့ သိရပါတယ်။ အာရ်အက်ဖ်အေက လက်လှမ်းမှီသမျှ စုံစမ်းရရှိတဲ့ သတင်းတွေ အရ ကျိုင်းတုံထောင်က ကိုမင်းကိုနိုင်ကို သရက်ထောင်၊ ပူတာအိုထောင်က ဦးခွန်ထွန်းဦးကို တောင်ငူထောင်၊ ကိုစည်သူဇေယျကို အင်းစိန်ထောင် ကနေ ဟင်္သာတထောင်၊ ကျောက်ဖြူထောင်က ကိုသူရိန်ကျော်ကို ဖားအံထောင် အသီးသီး ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

အခုလ ၁၃ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နယ်ဝေးထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်မှာ ထည့်မပေးနိုင်သေးရင် မိသားစုနဲ့ နီးစပ်တဲ့ နေရာတွေက ထောင်တွေကို ပြောင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-16 21:59

လွှတ်စရာရှိတာ လွှတ်မပေးဘဲ ဟိုရွှေ့ဒီပြောင်းလုပ်နေတာ အပြောင်းအလဲတွေ ဖော်ဆောင်နေတာလား။

Anonymous
2011-11-16 13:19

U Thein Sein who is very bad & he is listening to someone 's order.