၂၀၁၄ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌနေရာ မြန်မာကို ပေးဖို့ သဘောတူ

လာမဲ့ ၂၀၁၄ ခု အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပရေးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။

2011.11.15
asean-bali-305 ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံ အဖွင့်အခမ်းအနားတွင် ညီလာခံ တက်ရောက်လာကြသော အာဆီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအား အတူတကွ တွေ့မြင်ရစဉ်။ AFP PHOTO/SONNY TUMBELAKA
AFP

မိမိတို့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ကျင်းပမဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာကျင်းပဖို့ အားလုံးက သဘောတူညီကြပါတယ်လို့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Natalegawa က ပြောပါတယ်။

အဲဒီလို သဘောတူညီချက်တွေရဖို့ ပြီးခဲ့တဲ့ မေလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဂျူလိုင်လက ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တဲ့အခါ အပြုသဘော ဆောင်ခဲ့ကြတယ်လို့ သူကပြောပါတယ်။

ဒီကနေ့ သဘောတူညီချက်အရ လာမဲ့ ကြာသပတေးနေ့မှာကျင်းပမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေ ပါဝင်ကြတဲ့ ထိပ်သီး ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တရားဝင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အတည်ပြုပေး လိ့မ်မယ်လို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

အာဆီယံ အခြေခံ ဥပဒေအရ ဥက္ကဋ္ဌနေရာကို အက္ခရာစဉ်အရ သတ်မှတ်ထားတဲ့အတွက် မြန်မာနိုင်ငံဟာ ၂၀၁၅ အထိ ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပနိုင်ခွင့် မရှိပေမဲ့ ကွန်မြူနစ် လာအိုအစိုးရနဲ့ နေရာချင်းလဲပြီး ၂၀၁၄ ခုမှာ ဥက္ကဋ္ဌနေရာ ယူမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။