ကမ္ဘာ့ အင်တာနက်ဖြတ်တောက်မှု အဆိုးဆုံး မြန်မာနိုင်ငံဖြစ်လာ

RFA Burmese
2025.02.24
ကမ္ဘာ့ အင်တာနက်ဖြတ်တောက်မှု အဆိုးဆုံး မြန်မာနိုင်ငံဖြစ်လာ မိုဘိုင်းဖုန်းဖြင့် လူမှုကွန်ရက် အသုံးပြုနေသည်ကို တွေ့ရစဥ်။
AFP

၂၀၂၄ ခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသ နိုင်ငံတွေမှာ အင်တာနက်ဖြတ်တောက်မှု စံချိန်တင်မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံက အဆိုးရွားဆုံးဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေး ဆိုင်ရာအဖွဲ့ Access Now က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်မှု ၈၅ ကြိမ်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ အဆိုးရွားဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယအဆိုးဆုံးက အိန္ဒိယနိုင်ငံဖြစ်ပြီး အင်တာနက်ဖြတ်တောက်မှု ၈၄ ကြိမ် ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်း နိုင်ငံ ၅၄ နိုင်ငံမှာ အင်တာနက်ပိတ်ပင်မှု အနည်းဆုံး ၂၉၆ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေ နဲ့ ဆန္ဒပြမှုတွေကြောင့် အကြီးမားဆုံး အကြောင်းရင်းဖြစ်တယ်လို့ Access Now က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့အရေးယူမှု ၈၅ ကြိမ်အတွင်း ၃၁ ကြိမ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး ၁၇ ကြိမ် က အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ဆက်နွှယ်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။