NDF ပါတီက လူငယ်အဖွဲ့တွေ ဖွဲ့တော့မည်

ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

2011.11.16
NDF_mandalay_open_305_z ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကို ၂၀၁၁ ခု ဇန်နဝါရီ အတွင်း တစ်နိုင်ငံလုံး အပြီးသတ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။

ဒီအတောအတွင်း NDF ပါတီရဲ့ ကချင်ပြည်နယ် ရုံးခွဲကို လာမဲ့ ၁၉ ရက်မှာ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ NDF ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်ဟောင်း တချို့က တည်ထောင်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-18 00:46

ဘကြီးရယ် ဗမာပြည်ကိုပဲ အရင်စည်းရုံးကြည့်ပါ
အုံ့ .. တခြားပြည်နယ်တွေကို ဘကြီးဘာတွေ လုပ်
ပေးနိုင်တာရှိတုန်း ... ဥမမာ...ရခိုင်ပြည်နှင့်ပတ် တဲ့ ရွှေသဘာဝဓါတ်ငွေ့ ကို ရခိုင်တပြည်လုံး မီး
၂၄ နာရီ ဗမာပြည်လို ယူနစ် ဈေးနုန်းတန်းတူ
လုပ်ပြပေးပါအုံ့ ... ကချင်မှာလည်း စစ်ပွဲတွေဖြစ်
ကရင်မှာလည်းစစ်ပွဲတွေဖြစ် .ရှမ်းပြည်မှာလည်း
စစ်ပွဲတွေဖြစ်နေကြတယ်ဆိုတော့ ဘကြီးအနေ
နှင့် တတ်နိုင်လျှင် လုပ်ပေးစေလိုပါသည်။