မြစ်ကြီးနား ဗုံးပေါက်ကွဲမှု အိမ်ရှင်ကို ဖမ်းဆီး
2011.11.15
အဖမ်းခံရသူဟာ မြစ်ကြီးနားမြို့ သီတာရပ်ကွက် AG ဘုရားကျောင်း အနီးနေ ဦးဒယောင်တန်ဂွန်း ဖြစ်ပါတယ်။ နေအိမ်မှာ ဗုံးတွေ လုပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားတာဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးနေတယ်လို့ ဦးဒယောင်တန်ဂွန်း ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ခံတွေကတော့ ဒီကိစ္စတွေ အားလုံးဟာ အာဏာပိုင်တွေ အကွက်ချ စီစဉ်နေတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အဓိကက မြစ်ကြီးနားမြို့ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းရတဲ့ သတင်းတွေအရ မော်တော်ဆိုင်ကယ် သမားတစ်ဦးက အထုပ်တစ်ထုပ် အိမ်ထဲကို ပစ်သွင်းလိုက်ပြီးနောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပေမဲ့ အခုတော့ အိမ်ရှင်ကို ဖမ်းဆီးလိုက်ပါတယ်။