လယ်ယာမြေဥပဒေ မူကြမ်း ဆိုင်းငံ့ထားဖို့ နိုင်ငံရေးပါတီ ၁၀ ခုက တိုက်တွန်း
2011.11.16

(Photo: AFP)
ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖွဲ့ဝင် ၁၀ ပါတီ ခေါင်းဆောင်တွေ ဆွေးနွေး တိုင်ပင်ပြီး အခုလို စာရေးသား တောင်းဆိုလိုက်တာလို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ
ဦးသုဝေက ပြောပါတယ်။
လယ်ယာမြေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြုစု ပြဋ္ဌာန်းရာမှာ လယ်သမားတွေ အတွက် အကျိုးရှိအောင် စူးစမ်း လေ့လာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းကိုလည်း ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖွဲ့က တိုက်တွန်းထား ပါတယ်။
လွှတ်တော်မှာ လယ်ယာမြေ ဥပဒေ မူကြမ်းကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက တင်သွင်းခဲ့တာလို့ သိရပါတယ်။ ဦးဌေးဦးဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း
ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။