NLD ပါတီမှတ်ပုံတင်ရေး ဘက်ပေါင်းစုံမှ သုံးသပ်ဖို့ DAB တိုက်တွန်း
2011.11.15

(Photo: AFP)
အဲဒီတွေ့ဆုံမှုတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးတည်တာ မဟုတ်တဲ့ အကြောင်းလည်း ကြေညာချက်မှာ ပါပါတယ်။
လတ်တလော ပြောင်းလဲမှု တချို့ မြင်တွေ့ရပေမဲ့ တိုင်းရင်းသား ပဋိပက္ခနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ထွန်းမှု ရှိ မရှိဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ DAB အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောပါတယ်။
အင်န်အယ်လ်ဒီ ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ရာမှာ ဘက်ပေါင်းစုံက သုံးသပ် ဆုံးဖြတ်ဖို့ လိုအပ်တယ် လို့လည်း ဦးမျိုးဝင်းက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မူလ ရည်မှန်းချက်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေး အရ တန်းတူရည်တူ ဆွေးနွေး သဘောတူညီမှုတွေက တစ်ဆင့်သာ
ဖော်ဆောင်နိုင်မယ်လို့လည်း ဒီအေဘီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအေဘီ အဖွဲ့ကို မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ မဟာမိတ် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ထားပါတယ်။