သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-26
စစ်တပ်ရဲ့ဥပဒေမဲ့ တရားစီရင်မှုအောက်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ အမှုပေါင်း ၁၂၆ မှုရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။
2022-10-26
အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်ဘဲ အကြမ်းဖက်မှုတွေ ပိုဆိုးလာတာကြောင့် မနက်ဖြန် အောက်တိုဘာ ၂၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စုပေါင်းပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။
2022-10-26
နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်တစ်ကြိမ်အဖြစ် ထောင်ဝင်စာ ကန့်သတ်ထားရာက ဒီနေ့ညနေပိုင်းမှာတော့ တစ်ပတ်ကို နှစ်ကြိမ် ပို့ခွင့်ပြန်ရပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-10-26
မြန်မာပြည်ရဲ့ နောက်ဆုံးပကတိ နိုင်ငံရေးအခြေအနေမှန်အရ မြန်မာပြည်သူတစ်ရပ်လုံးက စစ်တပ်ရဲ့အုပ်ချုပ်မှုကို လက်မခံကြတော့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ပြောလိုက်ပါတယ်။
2022-10-26
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး မြို့ပေါ်အပါအဝင် ရွာတချို့မှာ နှစ်ဖက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2022-10-26
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေေသေဆုံးမှုကို ဝမ်းနည်းတုန်လှုပ်မိတယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို နော်ဝေးအစိုးရဝက်ဘ်ဆိုက်ကနေ အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာ ဖော်ပြထားပါတယ်။
2022-10-26
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ အာဏာမသိမ်းခင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်ရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းနဲ့ လေးသိန်းအထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်၊ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2022-10-26
နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်တာ၊ ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်မပေးတာနဲ့ အခုလို အရပ်သားတွေပါ ပါဝင်နေတဲ့အတွက် စစ်ရာဇဝတ်မှုဖြစ်တာ၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေကြောင့် စစ်ကောင်စီကို ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။
2022-10-26
နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာ ကန့်သတ်ခံရပြီး လက်ရှိ တစ်ပတ်ကိုတစ်ကြိမ်သာ ပို့ခွင့်ရတော့မယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာ ၂၆ ရက် ဒီနေ့ RFA ကိုပြောပါတယ်။
2022-10-26
KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားကြတဲ့ အနုပညာရှင်တွေ၊ ဒေသခံပြည်သူတွေနဲ့ KIO အမှုထမ်းတွေအတွက် သတိရဆုတောင်းပေးတဲ့ အစီအစဉ်ကို အောက်တိုဘာ ၂၅ ရက် မနေ့ညက မိုင်ဂျာယန်မှာရှိတဲ့ အနုပညာရှင်တွေနဲ့ လူငယ်တွေ စုပေါင်းပြုလုပ်ခဲ့ပါတယ်။
2022-10-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ရေးသား ပြောဆိုချက်တွေကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
2022-10-25
တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှု အခြေအနေတွေကို ပိုမိုဆိုးဝါးစေရုံတင်မကဘဲ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ပါ သဘောတရားနဲ့ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အာဆီယံအထူးသံတမန်ရဲ့ အားထုတ်မှုတွေကို မထေမဲ့မြင်ပြုရာရောက်တယ်လို့လည်း ဖော်ပြထားပါတယ်။
2022-10-25
အောက်တိုဘာ ၂၃ ရက်နေ့ညပိုင်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက အနန့်ပါစခန်းမှာ ဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် စစ်ကောင်စီက လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိ သေဆုံးသူ ၆၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၂ ဦးရှိတယ်လို့ KIO က ပြောပါတယ်။
2022-10-25
ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ၊ မြောက်ယမားဆည်အနီးက PDF စခန်းတစ်ခုအတွင်းကနေ ကယ်တင်ခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် ကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ မရှိဘူးလို့ ပြောပါတယ်။
2022-10-25
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် လောင်စာဆီပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK တို့က တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းလောင်စာဆီသုံးစွဲခွင့်ကို ကန့်သတ်ခြင်းဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။