စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်တယ်လို့ KIO ပြော

2022.10.25

အောက်တိုဘာ ၂၃ ရက်နေ့ညပိုင်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက အနန့်ပါစခန်းမှာ ဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် စစ်ကောင်စီက လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းအထိ သေဆုံးသူ ၆၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၂ ဦးရှိတယ်လို့ KIO က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေလို့ ပြောဆိုနေကြတာဟာ ကောလဟလသတင်းမှားဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး KIO ကတော့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။ KIO သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။