ကြားကာလအတွင်း ကချင်ပြည်နယ်မှာ အစိုးရဖွဲ့စည်းဖို့ CRPH နဲ့ KPICT တို့သဘောတူ
2021.05.27
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ကချင်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ KPICT တို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးပွဲကို မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ကြားကာလအတွင်း ကချင်ဒေသမှာ အစိုးရဖွဲ့စည်းရေး အကောင်အထည်ဖော်ရာမှာ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဂွန်ဆန်အောင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။