သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-22
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့အခြေစိုက် Asia Green သစ်မာထုတ်လုပ်ရေး ကုမ္ပဏီမှာ ဇူလိုင်လကတည်းက ထုတ်မပေးသေးတဲ့ အမြဲတမ်းဝန်ထမ်းတွေရဲ့လစာငွေတွေကို အခုရက်ပိုင်းအတွင်း ထုတ်ပေးလိုက်ပြီလို့ အလုပ်ရှင်ကရော အလုပ်သမားတွေကပါ RFA ကို ဒီကနေ့ ပြောကြားပါတယ်။
2012-09-22
Unit of Europe Aid အဖွဲ့ဟာ မြန်မာစာရေးဆရာ၊ ကဗျာဆရာများသမဂ္ဂနဲ့ မနေ့ကတွေ့ဆုံပြီး စာနယ်ဇင်းလောကနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2012-09-22
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ ၁၇ ရွာက ဒေသခံတောင်သူတွေ ဓားမဦးချ လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာ ဥယျာဉ်ခြံမြေ ဧက ၄၅၀၀ ကျော်ပေါ်မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့က အခုရက်ပိုင်းအတွင်း ဒေသခံပြည်သူတွေကို တစ်စုံတစ်ရာ အသိမပေးရှိဘဲ စက်မှုဇုန်၊ ကုန်သွယ်မှုဇုန်နဲ့ အိမ်တွင်းမှု လုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ဖို့ စီစဉ်နေတဲ့အပေါ် ဒေသခံ ပြည်သူတွေက ဆန့်ကျင် ကန့်ကွက်နေကြတယ်လို့ စုံစမ်းသိရပါတယ်။
2012-09-21
မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားက အရပ်ဖက် လူ့အဖွဲ့အစည်းတွေဟာ အာဏာပိုင်တွေ တားဆီးနေတဲ့ကြားက မြန်မာတစ်နိုင်ငံလုံး ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ပေးဖို့ ဆုတောင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2012-09-21
အကျဉ်းးထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်သားတွေ လွတ်မြောက်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ခဲ့ကြတဲ့ ရဟန်းသံဃာတွေက ဒီကနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2012-09-21
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမှုတွေ လာရောက်မြှုပ်နှံတာကို ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံ Nanning မြို့မှာ (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပနေစဉ်အတွင်း သူကအခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
2012-09-21
ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် USIP ငြိမ်းချမ်းရေးအဖွဲ့က Mr Jason Gluck ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ကို ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
2012-09-21
မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်ဒေသမှာ တစ်နေ့တာ အပစ်ခတ်ရပ်စဲထားဖို့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2012-09-21
ပဲခူးတိုင်း၊ ပဲခူးမြို့ ကွေ့တန်းရှည်ရွာ၊ ကျိုက်ကေရွာနဲ့ ရွာတန်းရှည်ရွာတွေအပိုင် စားကျက်မြေကို စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့က သိမ်းခဲ့ပြီး ငါးကန်တွေ တူးဖော်ခဲ့တာကြောင့် ဒေသခံလယ်သမားတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းပေးဖို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းထံ တင်ပြနိုင်ရေးအတွက် လယ်သမားတွေက လက်မှတ်တွေကို ဒီကနေ့ စတင်စုဆောင်းနေပါတယ်။
2012-09-21
လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ ကျင်းပမယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ကန့်သတ်ခဲ့တဲ့ အချက်တွေကို အာဏာပိုင်တွေက ပြန်လည်အလျှော့ပေးလိုက်ပြီလို့ လူထုအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီမှာပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-09-20
မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာမှု ရရှိစေဖို့အတွက် တိုင်းရင်းသားတွေကြားမှာ အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် လေးစားမှု ရှိကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-09-20
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးအကူအညီ တားဆီးကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။
2012-09-20
ရုရှနိုင်ငံမှာ အစိုးရက ဖမ်းဆီးထားတဲ့ Pussy Riot ခေါ် နာမည်ကျော် အမျိုးသမီး ခေတ်ပေါ်ဂီတ တီးဝိုင်းအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2012-09-20
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေသ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။
2012-09-20
ဝါရှင်တန် ဒီစီ မြို့တော်အခြေစိုက် NED လို့ခေါ်တဲ့ National Endowment for Democracy အဖွဲ့က စက်တင်ဘာ (၂၀) ရက် ချီးမြှင့်မယ့် Democracy Award ကို လက်ခံယူဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ထိုင်း မြန်မာနယ်စပ် အခြေစိုက် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။