ကချင်ပြည်နယ်အစိုးရ စီမံကိန်း ဒေသခံပြည်သူ ကန့်ကွက်
2012.09.22
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေသခံတွေရဲ့ ဆန္ဒကို ပြောမယ်ဆိုရင် ဒါကို လုံးဝလက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဒီပြည်နယ်အဆင့်မှာ ၁၁- ၉ -၂၀၁၂ မှာ ပြည်နယ်ဝန်ကြီးချုပ်ကနေ ဒီလိုစီမံကိန်းတွေ ရှိတယ်ဆိုတာကို ချပြလိုက်တယ်ဗျာ။ ကျွန်တော်တို့ အောက်ခြေမှာ ဘယ်သူမှ မသိဘူးဗျ။ စီမံကိန်းကို ဘယ်လိုရေးဆွဲမှန်းလည်း မသိဘူး။ ဘယ်အချိန်မှာ လုပ်သွားမှန်းလည်း မသိဘူး။ ပြည်သူတွေကိုလည်း မချပြဘူး။ အဲတော့ ဒီပြည်သူတွေ ဘယ်သူမှ မသိဘူး။ ဒီစီမံကိန်း မြေနေရာမှာ လုပ်ကိုင်စားသောက်နေတဲ့ ရွာ ၁၇ ရွာရဲ့ ကိုယ်စားလှယ်တွေ လာမဲ့ ၂၄ ရက်နေ့ ဆုံကြပြီးတော့ သဘောထားတွေကို ကျွန်တော်တို့ ထုတ်ဖော်ပြောသွားမှာ ဖြစ်ပါတယ်"
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကတော့ ဒီစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အကျိုးရှိစေမှာ ဖြစ်တယ်လို့ အခုလ ၁၁ ရက်နေ့က မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး ပြည်သူတွေ အလုပ်အကိုင် ရရှိရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့နဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လာမဲ့စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျေးရွာ ၁၇ ရွာက ဒေခံပြည်သူတွေ စုပေါင်းပြီး ဆန္ဒဖော်ထုတ်မယ်လို့ သိရပြီး ပြည်နယ်လွှတ်တော်ကိုလည်း ပြည်သူတွေရဲ့ ဆန္ဒ သဘောထားတွေကို တင်ပြမယ်လို့ သတင်းရရှိပါတယ်။