USIP ကိုယ်စားလှယ် NLD နှင့် ဥပဒေရေးရာ ဆွေးနွေး

ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် USIP ငြိမ်းချမ်းရေးအဖွဲ့က Mr Jason Gluck ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့ကို ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

2012.09.21

ဒီတွေ့ဆုံပွဲမှာ USIP ကိုယ်စားလှယ်တွေနဲ့ ဥပဒေရေးရာကိစ္စရပ်တွေကို အဓိက ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"United States Institute of Peace က ပုဂ္ဂိုလ်တွေ၊ ဥပဒေသမားတွေ၊ Training တွေ၊ ဥပဒေရေးဆွဲရေး သင်တန်းတွေပေါ့ဗျာ။ ဒါတွေလုပ်ပေးနိုင်တယ်ပေါ့။ လိုတဲ့အခါ ညွန်ကြားဖို့ အဲဒီ ဥပဒေ အကြာင်းတွေကို ဆွေးနွေးပွဲ သဘောမျိုးပေါ့။ ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး သူတို့အတွေ့အကြုံတွေအရ အကျိုးရှိတဲ့ဟာတွေ နောက် နီပေါမှာ သူတို့လုပ်ခဲ့တဲ့ နမူနာတွေပြောပါတယ်။ အဲတော့ ဒီဘက်ကလည်း လိုအပ်ရင် သူတို့လုပ်နိုင်တာရှိရင် သူတို့အကူအညီ ပေးမယ်ပေါ့။ ရှိရင်လည်း သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အဲတာတွေ ပြောပါတယ်"

USIP အဖွဲ့မှာ ဥပဒေပညာရှင် အများစုပါဝင်ပြီး ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်မှုတွေ လျော့နည်း ပပျောက်ရေးနဲ့ တားဆီး ကာကွယ်ရေးတွေကို အဓိက ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။